Showing posts with label OpenSHH. Show all posts
Showing posts with label OpenSHH. Show all posts

ssh to FreeBSD within local network

ကျနော့် FreeBSD စက်ထဲကို local network အတွင်းမှာရှိတဲ့ အခြားစက်ကနေ ဥပမာ ubuntu ကနေ ssh နဲ့ login ဝင်တာလေးပါ။ certificate authentication နည်းနဲ့ ဝင်တာပါ။ ဒီနေရာမှာ FreeBSD က Server သဘောမျိုးသက်ရောက်ပြီး Client Ubuntu စက်ကနေ ဝင်မှာပါ။ FreeBSD က Server သဘောမျိုးဆိုတာ့ ssh daemon run နေဖို့လိုအပ်ပါတယ်။ အဲဒီအတွက် ကျနော်တို့ /etc/rc.conf ဖိုင်မှာ enable လုပ်ပေးပြီး daemon ကို run ရအောင် ..

Enable sshd
# echo 'sshd_enable="YES"' >> /etc/rc.conf
# /etc/rc.d/sshd start

ပြီးရင် rsa keys မထုတ်ရသေးရင် generate လုပ်ပေးရအောင် အောက်က command ကို run ပါမယ်။ ကျနော်တို့ normal user အနေနဲ့ ထုတ်မှာဖြစ်လို့ root user ကနေ exit လုပ်ပေးပါ။

$ ssh-keygen -t rsa

အဲဒါဆိုရင် ကျနော်တို့ .ssh/id_rsa နဲ့ .ssh/id_rsa.pub ဖိုင်တွေကို ကိုယ့်ရဲ့ home directory ထဲမှာတွေ့မှာပါ။ ပြီးရင် ကျနော်တို့ certificate authentication နည်းသုံးမှာဖြစ်တဲ့အတွက် id_rsa.pub ဖိုင်ကို authentication keys အနေနဲ့ ပြောင်းရအောင် အောက်က command ကို run ပေးပါမယ်။

$ cat ~/.ssh/id_rsa.pub >> ~/.ssh/authorized_keys

ပြီးရင် ကျန်တဲ့ ~/.ssh/id_rsa ဆိုတဲ့ private key ကို ကိုယ့် usb disk ထဲပဲဖြစ်ဖြစ် internet ပော် လုံခြုံတဲ့ ကိုယ်ပဲ access လို့ရနိုင်မယ့်နေရာထဲ ကူးထည့် ဒါမှမဟုတ် upload လုပ်ပြီး အခြား Client အနေနဲ့သုံးမယ့် စက်ထဲကို copy ကူးထည့်ပေးပါ။ ဥပမာ ကျနော်က အဲဒီ private key ကို ကျနော့် ubuntu စက်ထဲကို ကူးထည့်ပေးလိုက်မယ်။ ဘယ်နေရာမှာကူးထည့်ပေးရမလဲဆိုတော့ ~/.ssh directory အောက်ကိုပါ။ အဲလိုကူးထည့်ပြီးဆိုရင်တော့ ~/.ssh/id_rsa အနေနဲ့တွေ့မှာပါ။ အဲဒါတွေလုပ်ပေးပြီးရင်တော့ ကျနော်တို့ FreeBSD Server ထဲကို Client Ubuntu ကနေ ဝင်နိုင်ပါပြီး။ အောက်ကနမူနာ command လေးနဲ့ ဝင်လို့ရပါတယ်။

$ ssh user@freebsd

အောက်ကနမူနာ Screenshots လေးတွေကို ကြည့်ပါ။

copy key to client and use ssh

accept keys and being asked for private key password

after giving password, passed through to FreeBSD

now I can go anywhere

freebsd-update fetch

ဘယ်လောက်လွယ်ကူသလဲ!

References:
OpenSSH

Enjoy!

using PuTTY to login Ubuntu via OpenSSH

Windows XP ကနေ PuTTY အသုံးပြုပြီး Ubuntu စက်ထဲကို login ဝင်ရတာ လွယ်ကူပါတယ်။ ဒီနေရာမှာ ကျနှော ဗမာလိုလေး အကြမ်းလေးရေးပေးမယ်၊ ပြည့်ပြည့်စုံစုံကိုတော့ အကိုးအကားလင့်မှာကြည့်ပါ။ ပထမဦးစွာ PuTTY Download Page ကနေ putty.exe နှင့် puttygen.exe နှစ်ခုကို Windows XP ပှေါမှာ အရင်ဆုံး download လုပ်ထားနှင့်ပါ။ ပြီးရင် Ubuntu စက်မှာ openssh-server နှင့် openssh-client နှစ်ခုကို install လုပ်ပေးပါ။

$ sudo apt-get install openssh-server openssh-client

ပြီးရင် Terminal မှာပဲ ssh-keygen လို့ရိုက်ပေးပြီး ssh-keys တွေကို ထုတ်ပေးပါ။ passphase ကိုမေးတဲ့အခါ ကိုယ့်ရဲ့ လှို့ဝှက်ကုတ်တစ်ခုခုကိုရိုက်ထည့်ပေးပြီး အဲဒီ password ကိုမှတ်သားထားပါ။
အဲလိုထုတ်ပေးလိုက်တဲ့ id_rsa နဲ့ id_rsa.pub keys တွေဟာ ~/.ssh အောက်မှာရှိနေမှာပါ။ အဲဒီ ကီးတွေကို copy ကူးယူပြီး Windows XP စက်ဆီသို့ယူလာပါ။

$ ssh-keygen
$ cd ~/.ssh
$ ls

အောက်က ဖှောပြပါပုံတွေကတော့ Ubuntu ပှေါမှာ လုပ်ဆောင်ပေးရသမျှပါ။



ကျနှောတို့ အခု Windows ပှေါမှာလုပ်စရာရှိတာတွေလုပ်တော့မှာပါ။ PuTTy က OpenSSH ကထုတ်ပေးလိုက်တဲ့ ကီးတွေကို တိုက်ရိုက်အသုံးပြုလို့ မရပါဘူး။ အဲဒါကြောင့် id_rsa ကီးကို id_rsa.ppk ကီးဖြစ်လာအောင် puttygen.exe အသုံးပြုပြီးတော့ convert လုပ်ပေးရမှာဖြစ်ပါတယ်။ ပထမတုန်းက ကျနှောတို့ download လုပ်ထားပြီးသားဖြစ်တဲ့ puttygen.exe ကို double-click နှိပ်ပေးပြီး ဖွင့်ပါ။



ပုံထဲမှာမြင်ရတဲ့အတိုင်း File >> Load private key ကိုနှိပ်ပေးပါက ဖိုင်တောင်းခံတဲ့ Dialog Window လေးပှေါလာပါမယ်။ အဲဒီအခါမှာ Ubuntu စက်ဘက်ကနေ ကူးယူလာတဲ့ id_rsa ကိးကို ဖွင့်ပေးပါ။ အဲလိုဖွင့်တာနဲ့ ကိုယ့်ရဲ့ passphase ကိုတောင်းခံပါလိမ့်မယ်။ ကီးထုတ်စဉ်က သွင်းပေးခဲ့တဲ့ password လေးကို ရိုက်သွင်းပေးတဲ့အခါ ကိုယ့်ရဲ့ id_rsa ကီးကပွင့်ပါမှာပါ။ တဆက်တည်း Save private key ဆိုတဲ့ button ကိုနှိပ်ပေးပြီး တစ်နေရာမှာ သိမ်းလိုက်ပါ။ အဲဒါဆိုရင် id_rsa.ppk ကီးအနေနဲ့ saved လိုက်တာတွေ့ရမယ်။


putty.exe ကိုဖွင့်ပါ။ PuTTY Configuration Window ပှေါလာပါမယ်။


ဘယ်ဘက်မှာမြင်ရတဲ့ Connection >> SSH >> Auth ကိုနှိပ်ရင် အပှေါကပုံအတိုင်းမြင်ရမှာပါ။ အဲဒီမှာ Browse ဆိုတဲ့ button နှိပ်ပါ။ ကိုယ့်ရဲ့ id_rsa.ppk ကီးရှိရာကိုသွားပြီး ဖွင့်ပေးလိုက်တဲ့အခါ အဲဒီကီးမှာ သိမ်းထားတဲ့ ကိုယ့် Ubuntu စက်ရဲ့အချက်အလက်တွေကိုအသုံးပြုပြီး Ubuntu ကို login စလုပ်ပါမယ်။ ကိုယ့်ရဲ့ login name နှင့် password ကိုရိုက်ထည့်ပေးလိုက်ရင် အောက်ကပုံအတိုင်း login ဝင်သွားပါမယ်။

 
 

ပြီးရင် ပုံမှန် Linux ပှေါမှာအလုပ်လုပ်တဲ့အတိုင်း လုပ်နိုင်ပါပြီ။


ပိုပြီးအသေးစိတ်သိချင်ရင်တော့ အကိုးအကား ကိုဖွင့်ဖတ်နိုင်ပါတယ်။

Enjoy it!