Showing posts with label vim. Show all posts
Showing posts with label vim. Show all posts

VIM IDE for C, Python and Go

VIM (Vi IMproved) ကို C, Python and Go IDE အဖြစ်အသုံးပြုချင်သူများအတွက် config နဲ့ plugins တွေကို ဒီ vim-config repo မှာ ရယူနိုင်ပါတယ်။

အသုံးပြုပုံနဲ့ screenshots အချို့ကို အောက်ကလင့်မှာကြည့်နိုင်ပါတယ်။
C IDE Screenshots
Python IDE Screenshots
Project with VIM

NERD_tree demo -> click on Picture


NERD_tree.vim နဲ့ Project.vim plugins တွေကိုနှစ်သက်ရာသုံးနိုင်ပါတယ်။

Enjoy! :-)

How to setup environment for Go

Go Programming Language ဟာ ဒီဆယ်စုနှစ်အတွင်းမှာ အသစ်ထွက်ပော်လာတဲ့ New Programming Language တစ်ခုပါ။ Developer ကတော့ Google ပါ။ Authors တွေကတော့ Plan9 OS project က Rob Pike, Ken Thompson အပါအဝင် Robert Griesemer နှင့် အခြားပုဂဿဿဂိုလ်များဖြစ်ကြပြီး BSD-style License နဲ့ Open Source Distribution ဖြစ်ပါတယ်။
Go က C/C++ တို့လို Compiled Language ဖြစ်ပြီး gc (8g,6g) နဲ့ gccgo တို့က Go အတွက် compilers တွေဖြစ်ကြပါတယ်။ လောလောဆယ်တော့ Linux နဲ့ Mac OS မှာပဲ ဒီ compilers တွေကိုအသုံးပြုနိုင်ပါသေးတယ်။
Go ကို လေ့လာနိုင်ဖို့အတွက် အဓိကနေနဲ့ Go compiler နဲ့ အခြားလိုအပ်တဲ့ programming environment programs တွေပါ။ ဒါတွေကို go source ကနေ့ Build လုပ်ဖို့အတွက် ပြင်ဆင်ရအောင်။ ကျနော်ကတော့ Debian GNU/Linux user ဆိုတော့ ကျနော့် Linux x86 (386) မှာ ဘယ်လို setup လုပ်လဲဆိုတာ နမူနာအနေနဲ့ရေးမှာပါ။
ပထမဦးဆုံးအနေနဲ့ ကျနော်တို့ ~/.bashrc ဖိုင်မှာ Environment variables တွေကို ရေးရအောင် ~/.bashrc ဖိုင်ကို gedit နဲ့ပဲဖြစ်ဖြစ် ကြိုက်နှစ်သက်ရာ editor တစ်ခုခုနဲ့ပဲဖြစ်ဖြစ်ဖွင့်ပြီး အောက်က Environmnet variables တွေကို ထည့်ဖြည့်ရေးပေးပြီး .bashrc ဖိုင်ကို သိမ်းပြီး ပိတ်လိုက်ပါ။

$ gedit ~/.bashrc

## Go Environment variables ##
export GOROOT=~/hg
export GOOS=linux
export GOARCH=386
export GOBIN=~/bin

ပြီးရင် ~/.bashrc ဖိုင်ကို save ပြီး ပိတ်လိုက်ပါ။ ပြီးရင် အောက်က command ကို Terminal ထဲမှာပဲ run ပေးပါ။

$ source ~/.bashrc

ပြီးရင် Environment Variables တွေက memory ထဲရောက်ပြီးလား Test လုပ်ကြည့်ပါ။

$ env | grep '^GO'
GOBIN=/home/username/bin
GOARCH=386
GOROOT=/home/username/hg
GOOS=linux

အဲလိုအပော်က results ကိုတွေ့မှာပါ။ ဒါပေမယ့်ကျနော်တို့ ~/bin folder မရှိသေးရင် mkdir နဲ့ folder လုပ်ပေးရပါမယ်။

## making 'bin' folder under your home directory ##
$ mkdir -p ~/bin

ပြီးရင် mercurial ကိုသုံးပြီး go source files တွေကို fetch မှာဖြစ်ပါတယ်။ ကျနော့် Linux က Debian ဖြစ်သမို့ ကျနော် apt ဒါမှမဟုတ် aptitude ကိုသုံးပြီး mercurial ကို အောက်ကအတိုင်း install လုပ်ပါမယ်။ ခင်ဗျားမှာ mercurial ရှိပြီးသားဆိုရင်တော့ install လုပ်စရာမလိုတဲ့အတွက် ဒီအဆင့် install လုပ်တဲ့အဆင့်ကိုကျော်ပြီး go source files ကို fetch လုပ်နိုင်ပါပြီ။

## installing mercurial ##
$ sudo apt-get install mercurial

mercurial ကို install လုပ်ပြီးတဲ့အခါ ကျနော်တို့ go source files တွေကိုရယူဖို့အတွက် အောက်က command line ကို run ပေးပါမယ်။

## fetching go source files ##
$ hg clone -r release https://go.googlecode.com/hg/ $GOROOT

source files တွေရပြီးရင် အဲဒါတွေကို build လုပ်ဖို့အတွက် လိုအပ်တာလေးတွေကို install လုပ်ပေးပါမယ်။

## installing gcc and others to build go source ##
$ sudo apt-get install bison gcc libc6-dev ed make

ပြီးရင် Go Distributions ကို ကျနော်တို့ build ရအောင် ..

## building go distribution ##
$ cd $GOROOT/src
$ ./all.bash

တအောက်လောက်စောင့်ပေးပြီးရင် အောက်က results ကိုတွေ့မှာပါ။ အဲဒါဆိုရင် building process က အဆင်ပြေပြီး go compiler ကိုသုံးလို့ရပါပြီး ..

--- cd ../test
0 known bugs; 0 unexpected bugs

အသေးစိတ်သိချင်ရင်တော့ ဒီလင့်ခ် လေးကို သွားပြီးဖတ်ပါ။

vim မှာ go syntax highlight အတွက် ကိုစိုးမင်းရဲ့ post ကိုသွားဖတ်နိုင်ပါတယ်။
ဒီမှာပဲတဆက်တည်းကြည့်လိုက်ရအောင် ကျနော်ရေးပေးလိုက်ပါတယ်။

## adding go syntax for vim editor ##
$ mkdir ~/.vim/
$ mkdir ~/.vim/syntax/
$ cp $GOROOT/misc/vim/go.vim ~/.vim/syntax/

## making and opening ~/.vimrc file ##
$ gedit ~/.vimrc

gedit နဲ့ ~/.vimrc ဖိုင်ပွင့်လာပြီးဆိုရင် အောက်ကဟာတွေကို ကူးပြီးရေးဖြည့်ပေးလိုက်ပြီး သိမ်းပြီး ပိတ်ပေးလိုက်ပါ။

autocmd BufNewFile,BufRead *.go set filetype=go
:syntax on

ခုဆိုရင် vim editor နဲ့ go programming language ကို syntax highlight တွေနဲ့လေ့လာနိုင်ပါပြီ။

Enjoy learning Go!

vim syntax on

Ubuntu မှာတုန်းက vim-full ကို install လုပ်ပြီးလျင် vim syntax highlight က အလိုအလျှောက် on ပြီးသားပါ။ ဒါပေမယ့် ကျနော့် debian lenny မှာ အလိုအလျှောက် on ဖြစ်မနေအတွက် ကျနော် .vimrc ဖိုင်ကို အသစ်လုပ်ပေးပြီး on ရပါတယ်။ လုပ်ပုံကတော့ Terminal ထဲမှာ အောက်ကအတိုင်း vim နဲ့ပဲ အဲဒီဖိုင်အသစ်ကိုဆောက်ပေး လိုက်ပါတယ်။ ပြီရင် အဲဒီဖိုင်ထဲမှာ ':syntax on' ဆိုပြီးရိုက်ထည့်ပေးလိုက်ပါတယ်။ အောက်မှာ Terminal ထဲမှာ ရိုက်တဲ့ command line နဲ့ ဖိုင်ထဲမှာ ရိုက်ထည့်ထားတာကို တွေ့ရမှာပါ။

$ vim ~/.vimrc

[caption id="attachment_118" align="alignnone" width="480" caption=".vimrc file"].vimrc file[/caption]

ပြီးရင် ဖိုင်ကို သိမ်းဆည်းပြီးပိတ်ပါ။ အဲဒီဖိုင်လေး effect ဖြစ်ဖို့အတွက် Logout လုပ်ပေးလိုက်ပါ။ Login ပြန်ပြီး vim နဲ့ source file တွေပြန်ဖွင့်တဲ့အခါ syntax highlighting on နေတာ တွေ့ရပါလိမ့်မယ်။

[caption id="attachment_119" align="alignnone" width="480" caption="syntax on"]syntax on[/caption]

အကယ်၍ run time မှာပဲ syntax off ချင်တယ်ဆိုရင် vim ကို ':syntax off' command ပေးလိုက်လျင် syntax highlight off ဖြစ်သွားမှာပါ။

[caption id="attachment_120" align="alignnone" width="480" caption="syntax off"]syntax off[/caption]

vim ရဲ့ မျက်စိအေးတဲ့ syntax highlight color နဲ့ code တွေကို ပျော်ရွှင်စွာရေးနိုင်ပါစေ .. :-)

compile && execute in gedit

Source code တွေကို vim မှာရေးပြီး Terminal မှာပဲ တခါတည်း compile & execute လုပ်တာက GUI အားသန်သူများအတွက် မကိုက်လှပါဘူး။ စတင်သူများက gedit နဲ့လုပ်ချင်မှာပဲလေ၊ လွယ်လဲ လွယ်ကူပါတယ်။ gedit ဟာ တကယ့်ကို powerful text editor ဖြစ်တဲ့အပြင် သူ့ရဲ့ plugin တွေသုံးပြီး simple program လေးတွေကိုပါ လေ့လာလို့ရတဲ့ powerful tool တစ်ခုဖြစ်ပါတယ်။ ဥပမာ C++ ကိုစတင်လေ့လာလိုသူများအတွက် gedit ကိုသုံးပြီး C++ source file ကို ဘယ်လို compile လုပ်ပြီး execute လုပ်တယ်ဆိုတာ တင်ပြပေးမှာပါ။
အရင်ဦးဆုံး gedit plugin ဖြစ်တဲ့ External Tools ကို Activate လုပ်ရအောင် ..
gedit ကိုဖွင့်ပါ .. Edit > Preferences ကို သွားပါ .. gedit Preferences Window လေးပေါ်လာ မယ် .. Plugins Tab ကို ဆက်သွားမယ် .. အဲဒီမှာ External Tools plugin ကို check box မှာ mark လုပ်ပေးပြီး Activate လုပ်ပေးပါ [see:fig-1] ..

[caption id="attachment_122" align="alignnone" width="480" caption="Figure 1"]Figure 1[/caption]

ပြီးရင် gedit > Tools > External Tools ကိုဖွင့်ပါ .. External Tools Manager Window [see:fig.3] လေးပေါ်လာမယ် .. အဲဒီမှာ Tools အသစ်နှစ်ခုကို New buttom လေးသုံးပြီးတော့ ထည့်ပေးရအောင် .. ပထမတစ်ခုကို "Compile C++" နှင့် နောက်တစ်ခုကိုကျတော့ "Run C++" လို့နာမည်ပေးရအောင် .. ဒါပေမယ့် အဆင်ပြေသလို နာမည်ပေးနိုင်ပါတယ် .. အဓိကကတော့ ကိုယ်သိဖို့ပါပဲ [see:fig-2] ..

[caption id="attachment_123" align="alignnone" width="480" caption="Figure 2"]Figure 2[/caption]

Compile C++ အတွက်ဖြည့်ရမယ့် ဟာတွေကတော့ ..
Description: Compile C++ by using g++
Accelerator: F5
Command(s): g++ $GEDIT_CURRENT_DOCUMENT_NAME -o ${GEDIT_CURRENT_DOCUMENT_NAME%.*}
Input: Nothing
Output: Insert in output panel
Applicability: All documents

Run C++ အတွက်ဖြည့်ရမှာကတော့ ..
Description: Run C++
Accelerator: F6
Command(s): ./${GEDIT_CURRENT_DOCUMENT_NAME%.*}
Input: Nothing
Output: Insert in output panel
Applicability: All documents

အဲလိုဖြည့်ပေးလိုက်တဲ့အတွက် gedit မှာ C++ source code ကို view ကြည့်ရာကနေ F5 နှိပ်ပေးလိုက်ရင် g++ က အဲဒီ source file ကို compile လုပ်ပေးပြီး F6 ကို နှိပ်လိုက်ရင် shell က execute လုပ်ပေးပါလိမ့်မယ်။ ဒါမှမဟုတ်လဲ gedit > Tools ကိုသွားပြီး dropdown menu ကနေ Compile C++ နဲ့ Run C++ တို့ကို သုံးနိုင်ပါတယ်။

Compiling C++ souce file
[caption id="attachment_124" align="alignnone" width="480" caption="Figure 3"]Figure 3[/caption]

Executing C++ program
[caption id="attachment_125" align="alignnone" width="480" caption="Figure 4"]Figure 4[/caption]

အကယ်၍ Terminal ထဲမှာပဲ compile && execute လုပ်ချင်လျင်တော့ ..

$ g++ -o Sample Sample.cpp

$ ./Sample

Sample ဆိုတာက compile လုပ်ပြီးရလာမယ့် output file (program) ပါ၊ Sample.cpp ကတော့ input file (c++ source file) ပါ။ စတင်မယ့်သူများ အစပြုနိုင်ပြီလို့ မျှော်လင့်ပါတယ် .. :-)