Mount external usb hdd with rw on FreeBSD

FreeBSD-8 ပော်မှာ ကိုယ့်ရဲ့ external usb hdd ကို read/write access ရအောင် mount တာလေးပါ။ Linux မှာ usb hdd ကို plug လုပ်လိုက်တာနဲ့ auto mount ပေးပေမယ့် FreeBSD မှာ ပုံမှန်အားဖြင့် default အနေနဲ့ manually mount ပေးရပါတယ်။ ဆိုင်ကနေ external usb hdd ကိုဝယ်လာရင် ကိုယ့်ရဲ့ Windows Machine မှာဆိုရင် properties နဲ့ စစ်ကြည့်ပါ fat32 filesystem ဖြင့်များသောအားဖြင့်လာတက်ပါတယ်။ Linux မှာဆိုရင် fdisk -l နဲ့ စစ်ကြည့်ပါ။ တချို့ external usb hdd ကျပြန်တော့ ntfs file system နဲ့လာတက်ပါတယ်။ ကိုယ့်အနေ့နဲ့ ကြိုက်နှစ်သက်ရာ file system ကိုပြန်ပြောင်းနိုင်ပါတယ်။ ခုကျနော် mount မှာက fat32 နဲ့ ntfs file system နှစ်မျိုးကိုပါ။ ကျန်တဲ့ဖိုင်စနစ်ကိုလဲ ဒီက နမူနာယူပြီးလိုအပ်တဲ့ options ပေးပြီး mount နိုင်ပါတယ်။
ကျနော်တို့ fat32 ကို အရင် mount ကြည့်ရအောင် ..

For 1, 2, 4, 8, 16 GB usb flash disks

# mount -a -t msdosfs /dev/da0s1 /mnt

/dev/da0s1 ဆိုတာက ကိုယ့်ရဲ့ usb stick device ပါ။
/mnt ဆိုတာက mount point ပါ။ mount point ကို ကြိုက်တဲ့ folder ထားနိုင်ပါတယ်။ ဥပမာ ကျနော့်မှာ Gnome ကိုသုံးတယ်ဆိုတော့ mount point ကို /media/ အောက်မှာလုပ်ထားတယ်။ ဥပမာ

# mkdir -p /media/usb
# chmod 777 /media/usb
# mount -a -t msdosfs /devda0s1 /media/usb

အဲဒါဆို Gnome Desktop ပော်မှာ nautilus file manager က အဲဒီ usb ကို auto ဖွင့်ပေးမှာပါ။ ကိုယ့် mount point က /media/ အောက်မှာ မရှိဘူးဆိုရင် တခြားနေရာမှာရှိမယ်ဆိုရင် ဥပမာ /mnt/usb လိုအောက်မှာရှိမယ်ဆိုရင် အဲဒီ folder ကို manually ဖွင့်ပြီးတော့ access လုပ်နိုင်ပါတယ်။ အကယ်လို့ ကိုယ့် usb hdd က GB ပမာဏ ကြီးနေမယ်ဆိုရင် mount options လေးထည့်ပေးပါ။ ဥပမာ 80 GB နဲ့ အထက် ( 120, 160, 320, 500, etc .. ) usb hdd တွေအတွက် ...

# mount -o large -t msdosfs /dev/da0s1 /media/usb

အကယ်၍ ကိုယ့် external usb hdd က ntfs file system ဖြစ်ခဲ့မယ်ဆိုရင် ntfs-3g နဲ့ mount ပေးရပါမယ်။ ntfs-3g သုံးနိုင်အောင် လိုအပ်တဲ့ဟာလေးတွေ လုပ်ပေးရအောင် အောက်ကလို conf ဖိုင်တွေထဲမှာ configuration တွေလုပ်ပေးပါ။

Add fuse_load="YES" to /boot/loader.conf

# echo 'fuse_load="YES"' >> /boot/loader.conf

Add fusefs_enable="YES" to /etc/rc.conf
# echo 'fusefs_enable="YES"' >> /etc/rc.conf

Install sysutils/fusefs-ntfs port
# cd /usr/ports/sysutils/fusefs-ntfs
# make install clean
ဒါဆိုရင် installation နဲ့ configuration ပြီးလောက်ပြီး၊ စက်ကို reboot လုပ်ရအောင် ...

# shutdown -r now

ဒါမှမဟုတ်

# reboot

စက်ပြန်တက်လာပြီးရင် ကျနော်တို့ ntfs file system ကို mount ကြည့်လို့ရပါပြီ။

# ntfs-3g /dev/da0s1 /media/usb

ဒါဆိုရင် ကျနော်တို့ရဲ့ usb hdd တွေကို ပုံမှန် user တစ်ယောက်အနေနဲ့ read/write အသုံးပြုလို့ရပါပြီ။

အကယ်၍ unmount လုပ်ချင်တဲ့အခါ ..

# umount /media/usb

References:
Disk Organization
Mounting and Unmounting File Systems

Enjoy!

Install flashplugin for Firefox on FreeBSD

FreeBSD-8 မှာ Firefox-3.5 အတွက် flashplugin-10 ကို linux_base-f10 emulator ခံပြီး install လုပ်တာပါ။ FreeBSD 8 ကို install လုပ်ပြီးချိန်မှာ Linux layer က default အနေနဲ့ enable မဖြစ်နေပါဘူး။ အဲဒါကြောင့်မို့ linux emulator ကို install လုပ်ပြီး enable အရင်လုပ်ပေးရမယ်။ ဘာလို့ linux emulator layer လိုအပ်လဲဆိုတော့ ခုကျနော် install လုပ်ချင်တဲ့ flash plugin က linux flashplugin ဖြစ်လို့ပါ။ linux_base-f10 ကို install မလုပ်ခင် လိုအပ်တာလေးတွေ အရင်လုပ်ပေးရမယ်။ အောက်က command lines တွေနဲ့ conf ဖိုင် အသီးသီးမှာ လိုအပ်တဲ့ configuration တွေကို ထည့်ပေးပါ။

Add linux_enable="YES" to /etc/rc.conf
# echo 'linux_enable="YES"' >> /etc/rc.conf

Add compat.linux.osrelease=2.6.16 to /etc/sysctl.conf
# echo 'compat.linux.osrelease=2.6.16' >> /etc/sysctl.conf

Add OVERRIDE_LINUX_BASE_PORT=f10 to /etc/make.conf
# echo 'OVERRIDE_LINUX_BASE_PORT=f10' >> /etc/make.conf

ပြီးရင် linux process file system ကို fstab ဖိုင် အောက်ကအတိုင်း ထည့်ပေးရအောင် ..

Make a directory for linux proc
# mkdir -p /usr/compat/linux/proc

Add this line to /etc/fstab:
linproc /usr/compat/linux/proc linprocfs rw 0 0

ပြီးရင် ကျနော်တို့ linux kernel module ရှိလား မရှိလား ကြည့်ရအောင် ..

Check Linux kernel modules
# cd /boot/kernel
# ls lin*

linker.hints linsysfs.ko linux.ko.symbols
linprocfs.ko linsysfs.ko.symbols
linprocfs.ko.symbols linux.ko

အဲဒီမှာ linux*.ko ကို မတွေရင် အောက်ကအတိုင်း linux module ကိုအောက်ကအတိုင်း install လုပ်ပေးရမယ်။

Install linux module
# cd /usr/src/sys/modules/linux
# make install clean

တကယ်တော့ FreeBSD-8 မှာ linux module က ပါလာပြီးသားပါ။ ဒီအပေါ်က linux module build တဲ့အဆင့်ကို ကျနော်မလုပ်ပေးခဲ့ရဘူး။
အဲဒါတွေ လုပ်ဆောင်ပြီးရင်တော့ စက်ကို reboot လုပ်ပေးဖို့လိုအပ်ပါတယ်။ reboot ပြန်တက်လာတဲ့အခါ linux module လဲ load လုပ်ပြီးသားဖြစ်နေပါပြီး linprocfs လဲ run နေပါပြီး။ အဲလိုဆိုရင် ကျနော်တို့လိုအပ်တဲ့ linux_base-f10 emulator နဲ့ flashplugin ကို install လုပ်နိုင်ပါပြီ။ ကြားဖြတ်ပြောရမယ်ဆိုရင် linux_base emulator install လုပ်ပြီးရင် linux မှာ run လို့ရတဲ့ applications တွေ packages တွေကို install လုပ်ပြီး run လို့ရပါတယ်။ linux applications တွေဟာ တချို့ဆိုရင် FreeBSD ပေါ်မှာ run ရတာ Linux မှာထက် ပိုပြီးတောင် မြန်နေပါတယ်။ တချို့ဟာတွေကတော့ Linux မှာလို မြန်ပါတယ်။ ဒီ emulator သုံးလို့ Performance နဲ့ Speed ကျသွားတယ်ဆိုတာမျိုး လုံးဝ မရှိပါဘူး။ တကယ့် native အတိုင်း run ပါတယ်။ ကဲ ကျနော်တို့ လိုအပ်တာတွေ ရှိသေးတော့ ဆက်ပြီး install လုပ်ရအောင် ..

Install linux_base-f10 emulator
# cd /usr/ports/emulators/linux_base-f10
# make install clean

ပြီးရင် အကယ်၍ firefox ကို install မလုပ်ရသေးဘူးဆိုရင် လုပ်ရအောင် .. ကျနော်ကတော့ firefox35 port ကနေ install လုပ်ပါတယ်။ firefox-devel port က firefox3.6rc2 က development အဆင့်မှာရှိနေတာမို့ recommended မလုပ်ချင်ပါဘူး။

Install firefox35 port
# cd /usr/ports/www/firefox35
# make install clean

firefox port ကို install လုပ်ရတာ စက်ရဲ့ speed ပော်မူတည်ပြီး နည်းနည်းကြာတက်ပါတယ်။ ပြီးရင် linux-f10-flashplugin10 နဲ့ nspluginwrapper ကို install လုပ်ပါမယ်။

Install linux-f10-flashplugin10 port
# cd /usr/ports/www/linux-f10-flashplugin10 && make install clean

Install nspluginwrapper port

# cd /usr/ports/www/nspluginwrapper && make install clean

ပြီးရင် libflashplayer.so ကို ရှာကြည့်မယ်။

# find / -name libflashplayer.so

/usr/local/lib/npapi/linux-f10-flashplugin/libflashplayer.so
output လုပ်ပေးတဲ့အထဲက lines တွေထဲမှာ အပော်ကလို line ကိုတွေ့လိမ့်မယ်။ အဲဒီအခါကျရင် super user (root) ကနေ exit လုပ်ပေးပြီး အောက်က comand line ကို run ပေးလိုက်ရင် error တွေမပြတော့တဲ့အခါ Youtube video ကို ကြည့်နိုင်ပါပြီ။ အကယ်လို့ ဒီအောက်က command line ကို run နေစဉ်မှာ firefox ဖွင့်ထားမယ်ဆိုရင် ပြန် restart လုပ်ပေးပြီး youtube site ကို ပြန်သွားပါ။

$ nspluginwrapper -v -i /usr/local/lib/npapi/linux-f10-flashplugin/libflashplayer.so

References:
Linux Binary Compatibility
Mozilla Firefox and the Adobe Flash Player

Enjoy!

Install java on FreeBSD

FreeBSD-8 မှာ Java ကို install လုပ်တာလေးပါ။ ကျနော်က java/openjdk6 port ကနေ install လုပ်ပါတယ်။ ports တွေကနေ install မလုပ်ခင်အရင်ဆုံး port tree ကို update လုပ်ပေးဖို့လိုအပ်လိမ့်မယ်။ ကျနော်ကတော့ ports tree update လုပ်တဲ့အခါမှာ portsnap ကိုသုံးတယ်။ ports tree update လုပ်ပေးပြီးပြီဆိုရင် ဆက်ရအောင် ...

# cd /usr/ports/java/openjdk6
# make install clean

အဲလို စပြီး install လုပ်တာနဲ့ port install error တွေပြပါမယ်။ Terminal ကပြတဲ့ error messages တွေကို ဂရုတစိုက်ဖတ်ပြီး လိုအပ်တာတွေကို download ချသင့်ကချရပါမယ်။ ကျနော် install လုပ်စဉ်တုန်းက အောက်ကဟာတွေကို internet မှာရှာပြီး download လုပ်တယ်၊ ပြီးရင် /usr/ports/distfiles အောက်မှာ ထားပေး လိုက်တယ်။

diablo-caffe-freebsd7-i386-1.6.0_07-b02.tar.bz2
tzupdater-1_3_21-2009p.zip
jce_policy-6.zip
dejavu-fonts-ttf-2.30.tar.bz2

ကျနော့်တုန်းက အပော်ကဟာတွေလိုပေမယ့် ကိုယ့်ရဲ့ port version အလိုက်ပြောင်း ချင်ပြောင်းနိုင်တာမို့ error messages တို့ suggestion messages တို့က ကြည့်ပြီး လုပ်ပေးပါ။ ဒီ java/openjdk6 port ကို install လုပ်ပြီးသွားပြီးဆိုရင်တော့ ကျနော်တဲ့ eclipse တို့ virtualbox တို့ စတဲ့ java နဲ့ သက်ဆိုင်တာတွေ ဆက်သွင်းလို့ရပါပြီး။

Firefox java plugin အတွက်ကတော့ အောက်က command line လေးကို run လိုက်ရင် အဆင်ပြေတယ်။

% ln -s /usr/local/diablo-jdk1.6.0/jre/plugin/i386/ns7/libjavaplugin_oji.so \
$HOME/.mozilla/plugins/

အဲဒါဆိုရင် Firefox java plugin ရပါပြီး။ အဲဒါဆိုရင် Firefox java plugin ရပါပြီး။ ကျနော့် firefox35 port version က firefox-3.5.7,1.

References:
FreeBSD Handbook
http://www.freebsd.org/doc/en/books/handbook/desktop-browsers.html

Enjoy!

Fun boys

ခုတလော forums တွေမှာရော blogs တွေမှာရော နေရာတိုင်းမှာ ဘယ် OS ကကောင်းတယ် ငါ့ OS က မင်း OS ထက်ပိုကောင်းတယ် ဆိုပြီး အငြင်းအခုံတွေများပိုများလာတယ်။ M$ လို corp တွေကိုမုန်းလို့ anti-corporation anti-Microsoft ideology နဲ့ Linux camps မှာလဲ Linux fun boys တွေက ကျယ်လောင်ကျယ် .. Mac camps က Mac fun boys တွေကလဲ ကျယ်လောင်ကျယ်လောင်။ ကျယ်လောင်ကျယ်လောင် လုပ်တဲ့နေရာမှာ Linux camps က Mac camps က fun boys တွေထက် ပိုဆိုးမယ် ထင်တယ်။ BSD-ish တွေကလဲ GPL-ish တွေကို မကြိုက်ကြဘူး။ Linux နဲ့ FreeBSD fun boys ကြားမှာလဲ အဲဒီ war ကတစ်မျိုး။ အဆိုးဆုံးက [OSS]-religion အစွန်းရောက်တွေပဲ။ ငါ့ဘုရားမှ အကောင်းဆုံး အသာဆုံးဆိုတာမျိုးက ရောဂါပိုကြီးတယ်။
ကျနှော့အနေနဲ့ကတော့ Linux ရော FreeBSD ရောသုံးပါတယ်။ လေ့လာပါတယ်။ ဒါပေမယ့် Linux fun boy တစ်ယောက်အနေနဲ့ ကျယ်လောင်ကျယ်လောင်မလုပ်ချင်ဘူး။ အရင်ကတည်းက religion ကိုမကြိုက်ခဲ့တာ။ အဲတော့ ကျနှော့အတွက် အသင့်တှောဆုံးဖြစ်မယ့် FreeBSD camp မှာ FreeBSD fun boy အနေနဲ့ တိတ်တိတ်ဆိတ်ဆိတ်ပဲ သုံးချင်တော့တယ်။

VIM IDE for C, Python and Go

VIM (Vi IMproved) ကို C, Python and Go IDE အဖြစ်အသုံးပြုချင်သူများအတွက် config နဲ့ plugins တွေကို ဒီ vim-config repo မှာ ရယူနိုင်ပါတယ်။

အသုံးပြုပုံနဲ့ screenshots အချို့ကို အောက်ကလင့်မှာကြည့်နိုင်ပါတယ်။
C IDE Screenshots
Python IDE Screenshots
Project with VIM

NERD_tree demo -> click on Picture


NERD_tree.vim နဲ့ Project.vim plugins တွေကိုနှစ်သက်ရာသုံးနိုင်ပါတယ်။

Enjoy! :-)

keyboard layout switching in Fluxbox on FreeBSD

Fluxbox wm (window manager) မှာ Gnome Desktop မှာလို keyboard indicator program မပါတဲ့အတွက် xorg.conf ဖိုင်ကို နည်းနည်း modify လုပ်ပေးဖို့လိုအပ်ပြီး Fluxbox menu file မှာပါ edit လုပ်ပေးဖို့လိုအပ်ပါတယ်။ အောက်ကဟာတွေဘာမှလုပ်ခင်ဖြစ်ဖြစ်လုပ်ပြီးရင်ပဲဖြစ်ဖြစ် မြန်မာစာရိုက်လို့ရအောင် နှစ်သက်ရာ zawgyi-keyboard ဒါမှမဟုတ် mm3-keyboard ကို download လုပ်ပြီး install လုပ်ပေးဖို့လိုအပ်ပါမယ်။ ကျနော့် xorg.conf မှာ အောက်ကလို edit လုပ်ထားပါတယ်။

Section "InputDevice"
Identifier "Keyboard0"
Driver "kbd"
Option "XkbLayout" "us,mm"
EndSection

ပြီးရင် ကီးဘုတ်ပြောင်းဖို့အတွက် Fluxbox menu file မှာ အောက်က အတိုင်း sub menu ဖြည့်ထည့်ပေးပါ။ Fluxbox menu file က /home/.fluxbox/menu ပါ။

$ vi ~/.fluxbox/menu

[submenu] (Keyboards)
[exec] (us) {setxkbmap us}
[exec] (mm) {setxkbmap mm}
[end]

အဲလိုဖြည့်ပေးပြီးလို့ save လိုက်ရင် Fluxbox Menu မှာတန်းမြင်ရပေမယ့် keyboard option က xorg.conf မှာ apply ဖြစ်အောင် reboot လုပ်ပေးဖို့ လိုအပ်ကောင်းလိုအပ်လိမ့်မယ်။ အောက်က ပုံမှာ နမူနာလေးကြည့်ပါ။

Fluxbox keyboard menu


References:
1. XKB configuration
2. Fluxbox on Ubuntu
3. Switching keyboard layout

P.S.: ကျနော်က FreeBSD မှာလုပ်တာမို့ ခေါင်းစဉ်မှာ on FreeBSD လို့ရေးလိုက်တာပါ။ ဘယ် *nix distributions မှာ ဖြစ်ဖြစ် ဒီဟာ အကျုံးဝင်မှာပါ။

Enjoy! :-)