free software song

ဒီသီချင်းလေးဟာ ကျနော်တို့ Free Software ကမ္ဘာကရေးထားတဲ့ သီချင်းလေးတစ်ပုဒ်ပါ ..
သီချင်းရေးထားတဲ့သူကတော့ Richard Stallman ဖြစ်ပါတယ် .. ခံစားကြည့်ပါဗျား .. :-)
ခုကျနော်တင်ထားတဲ့ သီချင်းလေးက Rhythmic version ပါ ..

free software song rhythmic

[To the melody of Sadi Moma:]

Join us now and share the software;
You'll be free, hackers, you'll be free.
x2

Hoarders may get piles of money,
That is true, hackers, that is true.
But they cannot help their neighbors;
That's not good, hackers, that's not good.

When we have enough free software
At our call, hackers, at our call,
We'll throw out those dirty licenses
Ever more, hackers, ever more.

Join us now and share the software;
You'll be free, hackers, you'll be free.
x2


အကယ်၍ streamline နားထောင်ချင်ပါက အောက်ကလင့်လေးကို ကူးယူပြီး သီးသန့် browser tab မှာဖြစ်ဖြစ်၊ တခြား player တစ်ခုခုနှင့်ပဲဖြစ်ဖြစ်နားထောင်နိုင်ပါတယ် ခင်ဗျား ..

http://www.gnu.org/music/free-software-song-rhythmic.mp3

source: http://www.gnu.org/music/free-software-song.html

have fun! :D

twitter from terminal

ဒီည ကျနော် twitter home page ကိုသွားတာ ကိုနေယံဦးရဲ့ tweet တစ်ခုမှာ "Twitting from the Linux Command Line" လင့်လေးတွေ့တယ်၊ စမ်းကြည့်တာပေါ့ :-) သူက cURL နဲ့အလုပ် လုပ်တာလေ .. မိုက်တယ် မဆိုးဘူး :D မြန်မာလိုတွတ်ကြည့်တယ် .. Terminal ထဲမှာဆိုတော့ မမြင်မစမ်း မှန်းရိုက်ရတာပေါ့ .. အဓိကကတော့ အလုပ်လုပ်ဖို့ပဲနော် :-) လုပ်နည်းကတော့ အပေါ်ကလင့်မှာပဲကြည့်လိုက်နော် .. ကျေးဇူး ကိုနေယံဦးရေ .. :)

twitter-terminal
Twitting from Terminal

gbrainy နဲ့ ဦးနှောက်အလုပ်လုပ်ခြင်း

တခါတလေ ကိုယ့်ဦးနှောက်သုံးလို့မရတော့ဘူး၊ ဖြတ်ထိုးဥာဏ်တွေမရှိတော့ဘူး၊ မှတ်ဥာဏ်တွေ မကောင်းတော့ဘူးလို့ ကိုယ့်ကိုကိုယ်တွေးမိဖူးလား? :D ကျနော်တော့ တခါတလေ အဲလိုလေး တွေးမိတက်တယ်။ ဓါးများလိုပေါ့ မသွေးပဲထား တုံးတက်တယ်ပြောကြသလို ဦးနှောက်ကိုလည်း ထက်မြတ်အောင် သွေးပေးဖို့လိုမယ်ထင်ပါတယ်။ ( အဟဲ စာရေးဆရာလေသံနဲ့ :P ) ဥာဏ်ရည်ဥာဏ်သွေးထက်မြတ်ဖို့အတွက် ပျော်ပျော်ပါးပါး ကစားကြရအောင်လား သူငယ်ချင်းတို့။ :-) ဒီ gbrainy software ကို Linux Platform မှာရော Windows Platform မှာပါ install လုပ်နိုင်ပါတယ်။ Windows အတွက်ကိုတော့ ထုံးစံ အတိုင်း sourceforge.net မှာ ရယူနိုင်ပါတယ်။

[caption id="attachment_116" align="alignnone" width="480" caption="gbrainy"]gbrainy[/caption]
gbrainy

a c++ program

/*
this is a program to demonstrate the basics of
a c++ programme, it includes comments,
header files, the main() function and cout
*/

#include <iostream>
using namespace std;

int main()
{
cout<<"Hello World!\n";
return 0;
}

vim syntax on

Ubuntu မှာတုန်းက vim-full ကို install လုပ်ပြီးလျင် vim syntax highlight က အလိုအလျှောက် on ပြီးသားပါ။ ဒါပေမယ့် ကျနော့် debian lenny မှာ အလိုအလျှောက် on ဖြစ်မနေအတွက် ကျနော် .vimrc ဖိုင်ကို အသစ်လုပ်ပေးပြီး on ရပါတယ်။ လုပ်ပုံကတော့ Terminal ထဲမှာ အောက်ကအတိုင်း vim နဲ့ပဲ အဲဒီဖိုင်အသစ်ကိုဆောက်ပေး လိုက်ပါတယ်။ ပြီရင် အဲဒီဖိုင်ထဲမှာ ':syntax on' ဆိုပြီးရိုက်ထည့်ပေးလိုက်ပါတယ်။ အောက်မှာ Terminal ထဲမှာ ရိုက်တဲ့ command line နဲ့ ဖိုင်ထဲမှာ ရိုက်ထည့်ထားတာကို တွေ့ရမှာပါ။

$ vim ~/.vimrc

[caption id="attachment_118" align="alignnone" width="480" caption=".vimrc file"].vimrc file[/caption]

ပြီးရင် ဖိုင်ကို သိမ်းဆည်းပြီးပိတ်ပါ။ အဲဒီဖိုင်လေး effect ဖြစ်ဖို့အတွက် Logout လုပ်ပေးလိုက်ပါ။ Login ပြန်ပြီး vim နဲ့ source file တွေပြန်ဖွင့်တဲ့အခါ syntax highlighting on နေတာ တွေ့ရပါလိမ့်မယ်။

[caption id="attachment_119" align="alignnone" width="480" caption="syntax on"]syntax on[/caption]

အကယ်၍ run time မှာပဲ syntax off ချင်တယ်ဆိုရင် vim ကို ':syntax off' command ပေးလိုက်လျင် syntax highlight off ဖြစ်သွားမှာပါ။

[caption id="attachment_120" align="alignnone" width="480" caption="syntax off"]syntax off[/caption]

vim ရဲ့ မျက်စိအေးတဲ့ syntax highlight color နဲ့ code တွေကို ပျော်ရွှင်စွာရေးနိုင်ပါစေ .. :-)

compile && execute in gedit

Source code တွေကို vim မှာရေးပြီး Terminal မှာပဲ တခါတည်း compile & execute လုပ်တာက GUI အားသန်သူများအတွက် မကိုက်လှပါဘူး။ စတင်သူများက gedit နဲ့လုပ်ချင်မှာပဲလေ၊ လွယ်လဲ လွယ်ကူပါတယ်။ gedit ဟာ တကယ့်ကို powerful text editor ဖြစ်တဲ့အပြင် သူ့ရဲ့ plugin တွေသုံးပြီး simple program လေးတွေကိုပါ လေ့လာလို့ရတဲ့ powerful tool တစ်ခုဖြစ်ပါတယ်။ ဥပမာ C++ ကိုစတင်လေ့လာလိုသူများအတွက် gedit ကိုသုံးပြီး C++ source file ကို ဘယ်လို compile လုပ်ပြီး execute လုပ်တယ်ဆိုတာ တင်ပြပေးမှာပါ။
အရင်ဦးဆုံး gedit plugin ဖြစ်တဲ့ External Tools ကို Activate လုပ်ရအောင် ..
gedit ကိုဖွင့်ပါ .. Edit > Preferences ကို သွားပါ .. gedit Preferences Window လေးပေါ်လာ မယ် .. Plugins Tab ကို ဆက်သွားမယ် .. အဲဒီမှာ External Tools plugin ကို check box မှာ mark လုပ်ပေးပြီး Activate လုပ်ပေးပါ [see:fig-1] ..

[caption id="attachment_122" align="alignnone" width="480" caption="Figure 1"]Figure 1[/caption]

ပြီးရင် gedit > Tools > External Tools ကိုဖွင့်ပါ .. External Tools Manager Window [see:fig.3] လေးပေါ်လာမယ် .. အဲဒီမှာ Tools အသစ်နှစ်ခုကို New buttom လေးသုံးပြီးတော့ ထည့်ပေးရအောင် .. ပထမတစ်ခုကို "Compile C++" နှင့် နောက်တစ်ခုကိုကျတော့ "Run C++" လို့နာမည်ပေးရအောင် .. ဒါပေမယ့် အဆင်ပြေသလို နာမည်ပေးနိုင်ပါတယ် .. အဓိကကတော့ ကိုယ်သိဖို့ပါပဲ [see:fig-2] ..

[caption id="attachment_123" align="alignnone" width="480" caption="Figure 2"]Figure 2[/caption]

Compile C++ အတွက်ဖြည့်ရမယ့် ဟာတွေကတော့ ..
Description: Compile C++ by using g++
Accelerator: F5
Command(s): g++ $GEDIT_CURRENT_DOCUMENT_NAME -o ${GEDIT_CURRENT_DOCUMENT_NAME%.*}
Input: Nothing
Output: Insert in output panel
Applicability: All documents

Run C++ အတွက်ဖြည့်ရမှာကတော့ ..
Description: Run C++
Accelerator: F6
Command(s): ./${GEDIT_CURRENT_DOCUMENT_NAME%.*}
Input: Nothing
Output: Insert in output panel
Applicability: All documents

အဲလိုဖြည့်ပေးလိုက်တဲ့အတွက် gedit မှာ C++ source code ကို view ကြည့်ရာကနေ F5 နှိပ်ပေးလိုက်ရင် g++ က အဲဒီ source file ကို compile လုပ်ပေးပြီး F6 ကို နှိပ်လိုက်ရင် shell က execute လုပ်ပေးပါလိမ့်မယ်။ ဒါမှမဟုတ်လဲ gedit > Tools ကိုသွားပြီး dropdown menu ကနေ Compile C++ နဲ့ Run C++ တို့ကို သုံးနိုင်ပါတယ်။

Compiling C++ souce file
[caption id="attachment_124" align="alignnone" width="480" caption="Figure 3"]Figure 3[/caption]

Executing C++ program
[caption id="attachment_125" align="alignnone" width="480" caption="Figure 4"]Figure 4[/caption]

အကယ်၍ Terminal ထဲမှာပဲ compile && execute လုပ်ချင်လျင်တော့ ..

$ g++ -o Sample Sample.cpp

$ ./Sample

Sample ဆိုတာက compile လုပ်ပြီးရလာမယ့် output file (program) ပါ၊ Sample.cpp ကတော့ input file (c++ source file) ပါ။ စတင်မယ့်သူများ အစပြုနိုင်ပြီလို့ မျှော်လင့်ပါတယ် .. :-)

every breath you take

ကျနော်ကြိုက်တဲ့ သီချင်းလေးတစ်ပုဒ်ပါ။ The Police အဖွဲ့က ဒီသီချင်းလေးကိုဆိုထားတယ်လေ .. :-)

[audio:EveryBreathYouTake.mp3]

no sound on my debian lenny

ကျနော် ဒီညနေအလုပ်ကပြန်လာပြီး အိမ်ရောက်တော့ ကွန်ပျူတာဖွင့်လိုက်တော့ သတိထားမိတာလေးက Task Bar ပေါ်က speaker လေးမှာ အနီရောင်ကြက်ခြေခက်လေး ထူးထူးခြားခြားတွေ့ရတယ်။ အဲဒါနဲ့ ကျနော် Skype call testing နဲ့ အသံကို စမ်းကြည့်ပါ တယ်။ အလုပ်မလုပ်ဘူး၊ Audio Setting ကိုကြည့်တော့ default setting မဟုတ်ပဲ usb audio device ဘာညာကိကွဆိုပြီးပေါ်နေတယ်၊ ကျနော်က Labtec Webcam Pro မှာတွဲပါ လာတဲ့ usb audio ကိုအရင်ကတည်းကမသုံးဘူးလေ .. အဲလိုပေါ်လာတော့ ကျနော် အရင် driver ကိုပြန်ပြောင်းပြီး စမ်းကြည့်တာပေါ့ .. စမ်းကြည့်တာတော့ အဆင်ပြေပါတယ်။ ဒါပေမယ့် ကျနော် Podcasts နားထောင်ဖို့ Rhythmbox ကိုဖွင့်တယ်၊ RFA podcasts ကို Play တယ် အသံမကြားရဘူး error တက်လာတယ်။ နောက်ပြီး Radio တွေဖွင့်တော့လဲ error တက်လာတယ်။ MPlayer နဲ့ Movie ဖွင့်ကြည့်တော့လဲ audio error တက်လာတယ်။ ကျနော် တချက်ခေါင်းနပမ်းကြီးသွားတယ်။ စိတ်ကအလွယ်လိုက်ပြီး အသစ်ပြန် Install လုပ်ဖို့ ကြံစည်လိုက်သေးတယ်။ မဖြစ်ဘူးလေလို့ ပြသာနာဖြေရှင်းတဲ့ အချိန်နဲ့ အသစ် install လုပ်တဲ့အချိန်နဲ့က တူတူလောက်လဲနေမှာလို့ ဖြေရှင်းလိုက်တာ ကောင်းချည်ရဲ့ ဆိုပြီး ပြသာနာရဲ့အဖြေကိုရှာတာပေါ့ .. အဲဒီမှာ alsaconf နဲ့ sound module ကို configure ပြန်လုပ်လိုက်တာ အဆင်ပြေပေမယ့်၊ Reboot လုပ်လိုက်ရင် အရင်အတိုင်း error ထပ်ပြန်ပြတယ်။ ကျနော် စိတ်နည်းနည်းပိုပူသွားတယ်။ ဘာဖြစ်ပါလိမ့်ပေါ့ .. ခေါင်းလဲနည်းနည်းနောက်သွားတယ် .. လုပ်နေရင်းတန်းလန်းကို မရတာဆိုတော့ .. စဉ်းစားရင်းနဲ့ နောက်ဆုံးကျတော့ ဖျက်ကနဲ အလင်းတန်းတစ်ခုထိုးကျလာတယ် :-P ဒီ usb audio ကြောင့်လားမသိဘူးပေါ့လို့ ဆိုပြီး Reboot ပြန်လုပ်ပြီး alsaconf ကို မ Run ခင် sound module ကိုခေါ်ကြည့်တယ်၊ မဟုတ်မှလွဲရော ဒီကောင်က ကျနော့် onboard sound driver မတက်ခင်သူက အရင်တက်နေတာကိုး .. အဲဒါနဲ့ သူ့ကိုလဲနေရာပေး လိုက်တော့ အဆင်ပြေသွားတယ်။ :-)

ဖြေရှင်းလိုက်ပုံက ပထမဆုံးစက်ကို reboot လုပ်လိုက်တယ်။ ပြီးတော့ ဘာ sound module တက်နေတယ်ဆိုတာ စစ်ဆေးတယ် ..

box02@dhcppc0:~$ su
Password:
dhcppc0:/home/box02# cat /proc/asound/modules
0 snd_usb_audio


dhcppc0:/home/box02#


ဒီလိုပြနေတော့ usb audio ကအရင်တက်နေတာတွေ့ရတယ် .. အမှန်တကယ်ဆိုရင် ကိုယ့်ဆီမှာအလုပ်လုပ်နေတဲ့ onboard audio card က အရင်တက်နှင့်ရမှာ .. ဒီနေရာမှာ ကိုယ့် onboard audio card က အလုပ်လုပ်တယ်လို့ပြောနိုင်တာဟာ alsaconf ကြောင့် ပါပဲ .. ကျနော် alsaconf ကို run ပြီးတဲ့အချိန်မှာ အသံတွေပြန်ထွက်လာတယ်။ အဲဒီတော့ alsa က ကိုယ့်ရဲ့ ဘာ sound card ကိုအလုပ်လုပ်စေနိုင်လဲဆိုတာ သိတယ်လေ .. alsaconf ကို run ပြီးတဲ့ အချိန်မှာ sound module ကိုပြန် check ကြည့်တဲ့အခါ ..

dhcppc0:/home/box02# cat /proc/asound/modules
0 snd_intel8x0


ဒီလိုပေါ်နေတာမို့လို့ ကျနော့် onboard sound card "snd_intel8x0" အလုပ်လုပ်တယ် ဆိုတာပြောနိုင်တာပေါ့နော် .. ဒါပေမယ့် ကျနော်ပြောခဲ့တဲ့အတိုင်း reboot ပြန်လုပ်လိုက်တဲ့အခါ usb_audio က အရင်ပြန်တက်လာတာမို့ reboot လုပ်လိုက်တိုင်း alsaconf ကို run ပေးနေရမယ်ဆိုရင်တော့ အလုပ်မဖြစ်ဘူးလေ .. အဲဒါကြောင့် ဒီပြသာနာကို ဖြေရှင်းတဲ့နည်းက usb_audio sound အတွက်နေရာလေးပေးဖို့ပါပဲ .. လုပ်လိုက်တာကတော့

$ su


# gedit /etc/modprobe.d/sound


ကိုဖွင့်ပြီး အောက်က တစ်လိုင်းကို ထပ်ထည့်ပေးလိုက်တာပါပဲ ..

options snd_usb_audio index=1


အဲဒါလေးမထည့်ပေးပဲ ပုံမှန် အတိုင်းဆိုရင် ကျနော့် sound file မှာ default အနေနဲ့

alias snd-card-0 snd-intel8x0
options snd-intel8x0 index=0


အဲလိုလေးပဲရှိနေမှာပါ။ အဲဒါကြောင့် ဟိုတစ်ကြောင်းကိုထည့်ပေါင်းပေးလိုက်တော့   /etc/modprobe.d/sound ဖိုင်မှာ ဒီအောက်ကလိုလေးဖြစ်သွားတာပါ။

alias snd-card-0 snd-intel8x0
options snd-intel8x0 index=0
options snd_usb_audio index=1


ဖိုင်ကို သိမ်းပြီးတော့ ကျနော် reboot ပြန်လုပ်ပေးလိုက်တာ အားလုံးကို အဆင်ပြေသွား တာပါပဲခင်ဗျား .. အဲဒါကြောင်း ပြသာနာဆိုရှောင်မပြေးပဲ နဖူးတွေ့ဒူးတွေ့ဝင်ဖြေ ရှင်းတာကောင်းတယ်လို့ ပညာရပါကြောင်းပါ ခင်ဗျား ... :-)

အောက်မှာ alsaconf ကို terminal ကနေ run တဲ့ပုံပါ ..
[caption id="attachment_127" align="alignnone" width="480" caption="alsaconf"]alsaconf[/caption]