ဖြေရှင်းလိုက်ပုံက ပထမဆုံးစက်ကို reboot လုပ်လိုက်တယ်။ ပြီးတော့ ဘာ sound module တက်နေတယ်ဆိုတာ စစ်ဆေးတယ် ..
box02@dhcppc0:~$ su
Password:
dhcppc0:/home/box02# cat /proc/asound/modules
0 snd_usb_audio
dhcppc0:/home/box02#
ဒီလိုပြနေတော့ usb audio ကအရင်တက်နေတာတွေ့ရတယ် .. အမှန်တကယ်ဆိုရင် ကိုယ့်ဆီမှာအလုပ်လုပ်နေတဲ့ onboard audio card က အရင်တက်နှင့်ရမှာ .. ဒီနေရာမှာ ကိုယ့် onboard audio card က အလုပ်လုပ်တယ်လို့ပြောနိုင်တာဟာ alsaconf ကြောင့် ပါပဲ .. ကျနော် alsaconf ကို run ပြီးတဲ့အချိန်မှာ အသံတွေပြန်ထွက်လာတယ်။ အဲဒီတော့ alsa က ကိုယ့်ရဲ့ ဘာ sound card ကိုအလုပ်လုပ်စေနိုင်လဲဆိုတာ သိတယ်လေ .. alsaconf ကို run ပြီးတဲ့ အချိန်မှာ sound module ကိုပြန် check ကြည့်တဲ့အခါ ..
dhcppc0:/home/box02# cat /proc/asound/modules
0 snd_intel8x0
ဒီလိုပေါ်နေတာမို့လို့ ကျနော့် onboard sound card "snd_intel8x0" အလုပ်လုပ်တယ် ဆိုတာပြောနိုင်တာပေါ့နော် .. ဒါပေမယ့် ကျနော်ပြောခဲ့တဲ့အတိုင်း reboot ပြန်လုပ်လိုက်တဲ့အခါ usb_audio က အရင်ပြန်တက်လာတာမို့ reboot လုပ်လိုက်တိုင်း alsaconf ကို run ပေးနေရမယ်ဆိုရင်တော့ အလုပ်မဖြစ်ဘူးလေ .. အဲဒါကြောင့် ဒီပြသာနာကို ဖြေရှင်းတဲ့နည်းက usb_audio sound အတွက်နေရာလေးပေးဖို့ပါပဲ .. လုပ်လိုက်တာကတော့
$ su
# gedit /etc/modprobe.d/sound
ကိုဖွင့်ပြီး အောက်က တစ်လိုင်းကို ထပ်ထည့်ပေးလိုက်တာပါပဲ ..
options snd_usb_audio index=1
အဲဒါလေးမထည့်ပေးပဲ ပုံမှန် အတိုင်းဆိုရင် ကျနော့် sound file မှာ default အနေနဲ့
alias snd-card-0 snd-intel8x0
options snd-intel8x0 index=0
အဲလိုလေးပဲရှိနေမှာပါ။ အဲဒါကြောင့် ဟိုတစ်ကြောင်းကိုထည့်ပေါင်းပေးလိုက်တော့ /etc/modprobe.d/sound ဖိုင်မှာ ဒီအောက်ကလိုလေးဖြစ်သွားတာပါ။
alias snd-card-0 snd-intel8x0
options snd-intel8x0 index=0
options snd_usb_audio index=1
ဖိုင်ကို သိမ်းပြီးတော့ ကျနော် reboot ပြန်လုပ်ပေးလိုက်တာ အားလုံးကို အဆင်ပြေသွား တာပါပဲခင်ဗျား .. အဲဒါကြောင်း ပြသာနာဆိုရှောင်မပြေးပဲ နဖူးတွေ့ဒူးတွေ့ဝင်ဖြေ ရှင်းတာကောင်းတယ်လို့ ပညာရပါကြောင်းပါ ခင်ဗျား ... :-)
အောက်မှာ alsaconf ကို terminal ကနေ run တဲ့ပုံပါ ..
[caption id="attachment_127" align="alignnone" width="480" caption="alsaconf"]

No comments:
Post a Comment