Test living without zawgyi font on Ubuntu

ဇော်ဂျီဖွန့်သုံးရာကနေ မြန်မာ၃ ကို စပြောင်းသုံးရာမှာ အခက်အခဲလေးတွေရင်ဆိုင်ရတယ်။ သူများဇော်ဂျီနဲ့ရေးထားတာကို မမြင်ရတဲ့ပြဿနာ၊ လင်းနက်မှာ မြန်မာ၃ ရိုက်မကြွမ်းသေးတဲ့ပြဿနာ၊ ဇော်ဂျီဖွန့်နဲ့ မြန်မာ၃ အတူတကွထားလို့မဖြစ်တဲ့ပြဿနာ၊ ထားလို့ရပြန်သော်လည်း ဇော်ဂျီဖွန့်ကိုလုံးဝ မမြင်တော့တဲ့ပြဿနာတွေပါ။

1) မြန်မာ၃လက်ကွက်မကျွမ်းတာက ကိစ္စမဟုတ်လောက်တော့ပါ (ရေးပါများရင်)

2) မြန်မာ၃ နဲ့ ဇော်ဂျီ နှစ်ခုတူတူထားချင်ရင်လဲ .font.conf လေးရေးထားပြီး $HOME dir အောက်မှာထားရုံပါ။ (ညီသူရ ကျေးဇူး)

3) သူများရေးထားတဲ့ဇော်ဂျီဖွန့်ကိုကြည့်ဖို့ရာလဲ Zawgyi to Unicode 5.1 UserScript လေးရှိပြီးသားပါ။ ( ကိုစိုးမင်း ကျေးဇူး)
ကျနော်ရေးထားတာ မမြင်ဘူးဆိုလဲ ကိုစိုးမင်းရဲ့ script ကိုအသုံပြုပြီး ကြည့်နိုင်ပါတယ်။

4) Facebook friends တွေနဲ့လဲ English conversation နဲ့ communicate လုပ်လို့ရပါသေးတယ်။

လောလောဆယ် testing ကာလမှာ မြန်မာ၃ နဲ့ Ubuntu မှာ အိုကေနေပါတယ်။

No comments: