VIM IDE for C, Python and Go

VIM (Vi IMproved) ကို C, Python and Go IDE အဖြစ်အသုံးပြုချင်သူများအတွက် config နဲ့ plugins တွေကို ဒီ vim-config repo မှာ ရယူနိုင်ပါတယ်။

အသုံးပြုပုံနဲ့ screenshots အချို့ကို အောက်ကလင့်မှာကြည့်နိုင်ပါတယ်။
C IDE Screenshots
Python IDE Screenshots
Project with VIM

NERD_tree demo -> click on Picture


NERD_tree.vim နဲ့ Project.vim plugins တွေကိုနှစ်သက်ရာသုံးနိုင်ပါတယ်။

Enjoy! :-)

keyboard layout switching in Fluxbox on FreeBSD

Fluxbox wm (window manager) မှာ Gnome Desktop မှာလို keyboard indicator program မပါတဲ့အတွက် xorg.conf ဖိုင်ကို နည်းနည်း modify လုပ်ပေးဖို့လိုအပ်ပြီး Fluxbox menu file မှာပါ edit လုပ်ပေးဖို့လိုအပ်ပါတယ်။ အောက်ကဟာတွေဘာမှလုပ်ခင်ဖြစ်ဖြစ်လုပ်ပြီးရင်ပဲဖြစ်ဖြစ် မြန်မာစာရိုက်လို့ရအောင် နှစ်သက်ရာ zawgyi-keyboard ဒါမှမဟုတ် mm3-keyboard ကို download လုပ်ပြီး install လုပ်ပေးဖို့လိုအပ်ပါမယ်။ ကျနော့် xorg.conf မှာ အောက်ကလို edit လုပ်ထားပါတယ်။

Section "InputDevice"
Identifier "Keyboard0"
Driver "kbd"
Option "XkbLayout" "us,mm"
EndSection

ပြီးရင် ကီးဘုတ်ပြောင်းဖို့အတွက် Fluxbox menu file မှာ အောက်က အတိုင်း sub menu ဖြည့်ထည့်ပေးပါ။ Fluxbox menu file က /home/.fluxbox/menu ပါ။

$ vi ~/.fluxbox/menu

[submenu] (Keyboards)
[exec] (us) {setxkbmap us}
[exec] (mm) {setxkbmap mm}
[end]

အဲလိုဖြည့်ပေးပြီးလို့ save လိုက်ရင် Fluxbox Menu မှာတန်းမြင်ရပေမယ့် keyboard option က xorg.conf မှာ apply ဖြစ်အောင် reboot လုပ်ပေးဖို့ လိုအပ်ကောင်းလိုအပ်လိမ့်မယ်။ အောက်က ပုံမှာ နမူနာလေးကြည့်ပါ။

Fluxbox keyboard menu


References:
1. XKB configuration
2. Fluxbox on Ubuntu
3. Switching keyboard layout

P.S.: ကျနော်က FreeBSD မှာလုပ်တာမို့ ခေါင်းစဉ်မှာ on FreeBSD လို့ရေးလိုက်တာပါ။ ဘယ် *nix distributions မှာ ဖြစ်ဖြစ် ဒီဟာ အကျုံးဝင်မှာပါ။

Enjoy! :-)

mm3-keyboard v0.1.1 release

mm3-keyboard v0.1.1 ကို distribute လုပ်လိုက်ပါတယ်။ TESTING version နဲ့ ဘာမှတော့အများကြီးပြောင်းလဲမှုမရှိပါဘူး။ အမှန်တော့ ဒီ package ဟာ သာမာန်ရိုးရှင်းတဲ့ xkb keyboard နဲ့ font package မျှသာဖြစ်ပါတယ်။ ဘာမှ big deal တွေမပါပါဘူး။ ကျနော့်လို သာမာန် users များအတွက် အလွယ်တကူရနိုင်ရန် အလွယ်တကူအင်စတောလုပ်နိုင်ရန်သာ ရည်ရွယ်ပါတယ်။

for user download
mm3-keyboard-0.1.1.tar.gz

Howto
Install guide

for source code viewer
mm3-keyboard git repo

Hope it's useful.

Enjoy!

mm3-keyboard TESTING release

ကျနော်တို့ zawgyi-keyboard package လဲလုပ်ပြီးပါပြီး။ ကိုစေတန်လဲ zawgyi နဲ့ mm3 ကိုတွဲသုံးဖို့အတွက်လဲ deb package ကို build ခဲ့ပြီးပါပြီ။ လုပ်နည်းလုပ်ဟန်အတွက်ကို ကို trh ကလဲ post ရေးခဲ့ပြီးပါပြီ။ ခု ကျနော့် zawgyi_keyboard.py script ကို modified လုပ်ပြီး mm3-keyboard.py ကို mm3 ဖွန့်သုံးချင်သူများအတွက် re-distributed လုပ်လိုက်ပါတယ်။

download
mm3-keyboard-TESTING.tar.gz

howto

install guide

changelog

v0.1.0 (TESTING)

* Initial release
* mm3-keyboard.py re-distributed and modified from zawgyi_keyboard.py
* mm3.ttf font from http://www.myanmarnlp.net.mm

-- box02 $date Sun Nov 29 22:21:17 CET 2009

လေးစားစွာဖြင့်
ဘောက်တူး

How to setup environment for Go

Go Programming Language ဟာ ဒီဆယ်စုနှစ်အတွင်းမှာ အသစ်ထွက်ပော်လာတဲ့ New Programming Language တစ်ခုပါ။ Developer ကတော့ Google ပါ။ Authors တွေကတော့ Plan9 OS project က Rob Pike, Ken Thompson အပါအဝင် Robert Griesemer နှင့် အခြားပုဂဿဿဂိုလ်များဖြစ်ကြပြီး BSD-style License နဲ့ Open Source Distribution ဖြစ်ပါတယ်။
Go က C/C++ တို့လို Compiled Language ဖြစ်ပြီး gc (8g,6g) နဲ့ gccgo တို့က Go အတွက် compilers တွေဖြစ်ကြပါတယ်။ လောလောဆယ်တော့ Linux နဲ့ Mac OS မှာပဲ ဒီ compilers တွေကိုအသုံးပြုနိုင်ပါသေးတယ်။
Go ကို လေ့လာနိုင်ဖို့အတွက် အဓိကနေနဲ့ Go compiler နဲ့ အခြားလိုအပ်တဲ့ programming environment programs တွေပါ။ ဒါတွေကို go source ကနေ့ Build လုပ်ဖို့အတွက် ပြင်ဆင်ရအောင်။ ကျနော်ကတော့ Debian GNU/Linux user ဆိုတော့ ကျနော့် Linux x86 (386) မှာ ဘယ်လို setup လုပ်လဲဆိုတာ နမူနာအနေနဲ့ရေးမှာပါ။
ပထမဦးဆုံးအနေနဲ့ ကျနော်တို့ ~/.bashrc ဖိုင်မှာ Environment variables တွေကို ရေးရအောင် ~/.bashrc ဖိုင်ကို gedit နဲ့ပဲဖြစ်ဖြစ် ကြိုက်နှစ်သက်ရာ editor တစ်ခုခုနဲ့ပဲဖြစ်ဖြစ်ဖွင့်ပြီး အောက်က Environmnet variables တွေကို ထည့်ဖြည့်ရေးပေးပြီး .bashrc ဖိုင်ကို သိမ်းပြီး ပိတ်လိုက်ပါ။

$ gedit ~/.bashrc

## Go Environment variables ##
export GOROOT=~/hg
export GOOS=linux
export GOARCH=386
export GOBIN=~/bin

ပြီးရင် ~/.bashrc ဖိုင်ကို save ပြီး ပိတ်လိုက်ပါ။ ပြီးရင် အောက်က command ကို Terminal ထဲမှာပဲ run ပေးပါ။

$ source ~/.bashrc

ပြီးရင် Environment Variables တွေက memory ထဲရောက်ပြီးလား Test လုပ်ကြည့်ပါ။

$ env | grep '^GO'
GOBIN=/home/username/bin
GOARCH=386
GOROOT=/home/username/hg
GOOS=linux

အဲလိုအပော်က results ကိုတွေ့မှာပါ။ ဒါပေမယ့်ကျနော်တို့ ~/bin folder မရှိသေးရင် mkdir နဲ့ folder လုပ်ပေးရပါမယ်။

## making 'bin' folder under your home directory ##
$ mkdir -p ~/bin

ပြီးရင် mercurial ကိုသုံးပြီး go source files တွေကို fetch မှာဖြစ်ပါတယ်။ ကျနော့် Linux က Debian ဖြစ်သမို့ ကျနော် apt ဒါမှမဟုတ် aptitude ကိုသုံးပြီး mercurial ကို အောက်ကအတိုင်း install လုပ်ပါမယ်။ ခင်ဗျားမှာ mercurial ရှိပြီးသားဆိုရင်တော့ install လုပ်စရာမလိုတဲ့အတွက် ဒီအဆင့် install လုပ်တဲ့အဆင့်ကိုကျော်ပြီး go source files ကို fetch လုပ်နိုင်ပါပြီ။

## installing mercurial ##
$ sudo apt-get install mercurial

mercurial ကို install လုပ်ပြီးတဲ့အခါ ကျနော်တို့ go source files တွေကိုရယူဖို့အတွက် အောက်က command line ကို run ပေးပါမယ်။

## fetching go source files ##
$ hg clone -r release https://go.googlecode.com/hg/ $GOROOT

source files တွေရပြီးရင် အဲဒါတွေကို build လုပ်ဖို့အတွက် လိုအပ်တာလေးတွေကို install လုပ်ပေးပါမယ်။

## installing gcc and others to build go source ##
$ sudo apt-get install bison gcc libc6-dev ed make

ပြီးရင် Go Distributions ကို ကျနော်တို့ build ရအောင် ..

## building go distribution ##
$ cd $GOROOT/src
$ ./all.bash

တအောက်လောက်စောင့်ပေးပြီးရင် အောက်က results ကိုတွေ့မှာပါ။ အဲဒါဆိုရင် building process က အဆင်ပြေပြီး go compiler ကိုသုံးလို့ရပါပြီး ..

--- cd ../test
0 known bugs; 0 unexpected bugs

အသေးစိတ်သိချင်ရင်တော့ ဒီလင့်ခ် လေးကို သွားပြီးဖတ်ပါ။

vim မှာ go syntax highlight အတွက် ကိုစိုးမင်းရဲ့ post ကိုသွားဖတ်နိုင်ပါတယ်။
ဒီမှာပဲတဆက်တည်းကြည့်လိုက်ရအောင် ကျနော်ရေးပေးလိုက်ပါတယ်။

## adding go syntax for vim editor ##
$ mkdir ~/.vim/
$ mkdir ~/.vim/syntax/
$ cp $GOROOT/misc/vim/go.vim ~/.vim/syntax/

## making and opening ~/.vimrc file ##
$ gedit ~/.vimrc

gedit နဲ့ ~/.vimrc ဖိုင်ပွင့်လာပြီးဆိုရင် အောက်ကဟာတွေကို ကူးပြီးရေးဖြည့်ပေးလိုက်ပြီး သိမ်းပြီး ပိတ်ပေးလိုက်ပါ။

autocmd BufNewFile,BufRead *.go set filetype=go
:syntax on

ခုဆိုရင် vim editor နဲ့ go programming language ကို syntax highlight တွေနဲ့လေ့လာနိုင်ပါပြီ။

Enjoy learning Go!

zawgyi-keyboard-0.3.3 release out

zawgyi-keyboard-0.3.3 version ကို မနေ့ညက ထုတ်လိုက်ပါတယ်။ ကိုစိုးမင်းရဲ့ လက်ရှိနောက်ဆုံး Zawgyi 2009 version ဖြစ်တဲ့ `Zawgyi-One_v4.25_November_6_2009` ကိုထည့်သွင်းထားပါတယ်။ Keyboard Layout ကလဲ ကိုစေတန်ရဲ့ modified ပေးထားတဲ့ ဇော်ဂျီလက်ကွက်အဟောင်းစတိုင်နဲ့မို့လို့ စာရိုက်သွင်းရာမှာ အရင်ပုံမှန်အတိုင်းအသုံးပြုနိုင်ပါတယ်။ နောက်ပြီး zawgyi_keyboard.py module မှာလဲ error တစ်ချို့ကို ပြုပြင်ထားပါ။ Package ရဲ့ အပြောင်းအလဲအသေးစိတ်ကိုတော့ အောက်က changelog မှာကြည့်နိုင်ပါတယ်။

changelog

v0.3.3

* upgrade new zawgyi font (Zawgyi-One_v4.25_November_6_2009.ttf) by Soe Min
* mm xkeyboard file modified for zawgyi style by Saturngod
* import zawgyi_keyboard_2009.pdf for keyboard layout
* delete zawgyi_keyboard_unicode5.1_style.png
* delete Zawgyi_Keyboard_Layout_2009_Linux-Unix.pdf
* make to be able to install on all version of FreeBSD and Linux
* add wget_SuggestMessage() in module for while wget not installed

download
zawgyi-keyboard-0.3.3

howto
install guide

project homepage
zawgyi-keyboard.googlecode.com

support
please report if you found some bugs or errors. thank you.

zawgyi-keyboard နဲ့ zawgyi font ကို အားပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်။

Enjoy using zawgyi!

VirtualBox runs Windows XP on my Debian Lenny

ကျနော့် Debian Lenny မှာ MS Windows XP ကို Sun VirtualBox ကိုအသုံးပြုပြီး run နေတာပါ။ Debian GNU/Linux ကတကယ့်ကို smart ကျပါတယ်။ သူ့အပော်မှာ အလုပ်လုပ်ရတာ အဆင်ပြေတာမို့ ကျနော့်အကြိုက်ဆုံး OS ထဲမှာ Debian ကထိပ်ဆုံးကပါနေတာပါ။ Perfect Debian ပါပဲဗျား .. အောက်မှာ ကျနော့် screenshots လေးပါ ..

MS Windows XP installing on Sun VirtualBox in Debian Lenny
MS Windows XP installing on Sun VirtualBox in Debian Lenny

MS Windows XP installation completing
MS Windows XP installation completing

Windows updating on Virtual Machine
Windows updating on Virtual Machine

Windows XP running on VirtualBox
Windows XP running on VirtualBox

Sun VirtualBox running on Debian Lenny
Sun VirtualBox running on Debian Lenny

အကယ်လို့ Sun VirtualBox ကို Linux မှာ install လုပ်ချင်ရင် အောက်လင့်မှာသွားပြီးယူနိုင်ပါတယ်။

http://www.virtualbox.org/wiki/Linux_Downloads

Enjoy with it! :-)