လေတိုက်ချိန်

ရေဒီယိုက

ခေတ်ဟောင်းတေးတစ်ပုဒ်ဆိုနေတယ်

ညနေခင်းဟာစိတ်အပြောင်းအလဲမြန်တယ်

ကောင်းကင်မှာ

အေးအေးလူလူ ကျက်စားနေတဲ့ တိမ်တစ်အုပ်

အရောင်ရင့်ချိန်

အုန်းပင်တို့ ခေါင်းခါပြပုံက ခါးခါးသီးသီး

အိမ်ခေါင်မိုးပေါ်

တမာပွင့်ခြောက်တွေ ထင်ရာစိုင်းနေပုံကလည်း

ခါးခါးသီးသီး

ပန်းပွင့်တချို့ဟာ

အလှတရားအကြောင်းမှ ကောင်းကောင်းသိမသွားခင်

ကြွေနှင့်ပြီ

လေဟာ

ပြတင်းတံခါးကို အသံမြည်အောင် ဆောက်ပိတ်

လွင့်နေတဲ့စိတ်

ကိုယ်ထည်ပေါ် ပြုတ်ကျလာပုံက

အလန့်တကြား။ ။ -- မင်းထက်ညိမ်း
credit >> မင်းထက်ညိမ်း၊ အိုးဝေ မဂ္ဂဇင်း နှင့် ဇနိ
ဒီကဗျာကို အိုးဝေအမှတ်တရစုဆည်းမှု ဘလောက် (0-way.blogspot.com)မှ ကူးယူထားပါသည်။ အကြောင်းတစ်စုံတစ်ရာကြောင့် ဖော်ပြခွင့် မပြုပါက၊ ချက်ခြင်းဖျက်ပေးမည်ဖြစ်ပါသည်။ မင်းထက်ညိမ်းအား လေးစားသောအားဖြင့် အမှတ်တရ ကူးယူခံစားဖော်ပြရခြင်းဖြစ်ပါသည်။ လေးစားစွာဖြင့် ...

source :  http://o-way.blogspot.com/2007/08/blog-post_26.html

4 comments:

mikozan said...

သိပါဘူး
ဒါတွေလဲရလားပေါ့
အောက်မှာ ကြမှ သူများဟာတဲ့:)

box02 said...

ကျနော်ကြိုက်လို့ပါ .. အဓိကအကြောင်းရင်းကတော့ မင်းထက်ညိမ်းရဲ့ကဗျာမို့ပါ :-)

Thin Zar said...

ညီမလေး လဲ ကဗျာ တွေ ကြိုက်တယ် ။
ဖတ်ရတာ လဲ သဘောကျတယ် ။
ငယ်ငယ် တုန်းက ဆို ကဗျာ တွေ တအားရေးတာ ....ဟဲဟဲ ...
ကိုကြီးရော ...

ဘောက်တူး said...

ကျနော်လဲ ကျောင်းမှာတုန်းက ကဗျာရေးဖူးတယ်လေ :-)
ခုတော့ သူများကဗျာတွေကိုပဲ ဖတ်တာ :D