future gooey of mm3 and zawgyi keyboard programs

ကျနော် gooey သိပ်မကောင်းပါဘူး၊ ဒါပေမယ့် command lines နဲ့ သိပ်ရင်းနှီးကျွမ်းဝင်မှုမရှိသေးတဲ့ Linux အသုံးပြုသူအသစ်များအတွက် GUI နဲ့ ကီးဘုတ်သွင်းလို့ရအောင် လက်ရှိ command line အသုံးပြု ပိုင်သွန်ပရိုဂရမ်ကို GUI နဲ့ထုတ်ပိုးပြီး ထပ်ထုတ်မယ်လို့ စိတ်ကူးကြည့်ပါတယ်။ လုံးလုံးတော့ command line မလွတ်ပေမယ့် Mouse လေးနဲ့ click ရသေးတယ်ဆိုတော့ ပိုပြီးလွယ်တာပေါ့နော်။
အောက်မှာ screenshots လေးတွေပါ။ :-)







အကြံညဏ်ကောင်းတွေလဲ comments မှာပေးသွားနိုင်ပါတယ်။

Enjoy!! :-)

Ubuntu Linux မှာ မြန်မာဖွန့်သွင်းနည်း

မြန်မာဖွန့်အတွက် ကြိုက်နှစ်သက်ရာဖွန့်ကို Ubuntu Linux မှာ Install လုပ်နိုင်ပါတယ်။ ဒီ guide မှာ ဇော်ဂျီဖွန့်ကို ဥပမာနမူနာထားပြီး သွင်းမှာဖြစ်ပါတယ်။

ဇော်ဂျီဖွန့်နဲ့ Install script အထုတ်အပိုးကိုရယူခြင်း
အရင်ဆုံး zawgyi-keyboard.googlecode.com မှာ သွားပြီး zawgyi-keyboard package ကို download လုပ်ပါ။



zawgyi-keyboard package ဖြစ်တဲ့ latest version : zawgyi_keyboard-0.3.3.tar.gz ကိုရယူလိုက်ပါ။ ပြီးရင် အဲဒီ package ကို ကိုယ့်ရဲ့ Desktop ပော်မှာထားလိုက်ပါ။

Install Script နှင့် ဇှောဂျီဖွန့် ဇှောဂျီကီးဘုတ် သွင်းခြင်း

Terminal ကိုဖွင့်ပါ။ Terminal က Applications > Accessories > Terminal မှာပါ။



Terminal က အောက်ကလိုပွင့်လာမယ်။



Terminal ကိုဖွင့်ရတဲ့အကြောင်းရင်းက ကျနော်တို့ command line နဲ့ zawgyi keyboard ကို install လုပ်မလို့ပါ။ command line ဆိုလို့ ခက်ခက်ခဲခဲ command တွေ မှတ်သားထားရမယ်လို့ သိရမယ်လို့ မထင် လိုက်ပါနဲ့။ ခုသုံးမယ့် commands တွေက တကယ့် child play တွေပါ။ copy'n'paste လုပ်ပြီး သွားလဲရပါတယ်။
အခု ကျနော်တို့ Terminal ကနေ zawgyi-keyboard package ထားရှိရာ Desktop ဆိုတဲ့ နေရာကိုသွားရအောင် cd လို့ခော်တဲ့ (change directory) command ကိုသုံးပါမယ်။ Terminal ထဲမှာ အောက်က command line ကို copy'n'paste လုပ်ပေးလိုက်ပါ။ command ရှေ့က $ (dollar sign) ကို copy လုပ်စရာမလိုဘူးနော်။

$ cd ~/Desktop

ခုဆိုရင် ကျနော်တို့ စိတ်ထဲက virtual နည်းနဲ့ Terminal ကနေ Desktop ဆိုတဲ့နေရာကိုရောက်ပါပြီ။ ကျနော်တို့ ls ဆိုတဲ့ (list) command ကိုဆက်သုံးပြီး Desktop ပော်မှာရော ကိုယ်ထားတဲ့ zawgyi-keyboard package ရှိ မရှိကို ပြန်စမ်းစစ်ကြည့်တဲ့သဘောပါ။

$ ls

ls ဆိုတာက list ဆိုတဲ့ သဘောကိုဆောင်တဲ့အတွက် Desktop ပော်မှာရှိသမျှ files, pictures စတာတွေကို list လုပ်သလိုဖော်ပြပေးမှာပါ။ ကျနော်တို့ထားထားတဲ့ zawgyi_keyboard-0.3.3.tar.gz ရှိတယ်ဆိုပါတော့ ကဲ ဘာဆက်လုပ်ရမလဲ? အဲဒီ package က tar ဆိုတဲ့ program ငယ်နဲ့ ချုံ့ထားတဲ့အတွက် ကျနော်တို့ အဲဒါကို ပြန်ဖြည်ပေးဖို့လိုအပ်တယ်။ ဒါမှ အထဲမှာ ဘာရှိလဲဆိုတာ သိနိုင်မှာပါ။ အထဲကဟာတွေ ဘာတွေလဲ သိမှ ဆက်ပြီး အလုပ်လုပ်လို့ရမှာပါ။ အောက်က command ကို ကိုယ့်ရဲ့ Terminal ထဲမှာ copy'n'paste လုပ်ပြီး Enter ခေါက်ပြီး run လိုက်ပါ။

$ tar xzf zawgyi_keyboard-0.3.3.tar.gz

ဒီ command line မှာ tar ဆိုတာက zip program လိုမျိုး ဖိုင်တွေကို achive, extract လုပ်ပေးတဲ့ Unix & Unix-Like system တွေမှာ အသုံးများတဲ့ program ငယ်ပာ။ xzf ဆိုတာက options တွေပာ။ options တစ်ခုချင်းစီရဲ့လုပ်ဆောင်ချက်ကို သိချင်ရင် ဒီ $ tar –h ဒာမှမဟုတ် $ tar --help ကို Terminal ထဲရိုက်ပြီး ကြည့်လိုက်ပာ။ နောက်တမျိုးက man ဆိုတဲ့ program နဲ့လဲ သက်ဆိုင်ရာ program တွေရဲ့ manual pages တွေကို ကြည့်လို့ရပာသေးတယ်။ ဥပမာ $ man tar လို့ Terminal ထဲမှာရိုက်ပြီး tar program ရဲ့ manual ကို ကြည့်နိုင်ပာသေးတယ်။ ဒီနေရာမှာ ကြားဖြတ်ပြောရမယ်ဆိုရင် tar xzf zawgyi လို့ Terminal ထဲမှာရိုက်ပြီးချိန်မှာ keyboard ပော်က Tab key ကိုခေါက်ကြည့်ပါ။ Bash Shell ရဲ့ autocomplete က နောက်ကဆက်လိုက်ပါလာတဲ့ _keyboard-0.3.3.tar.gz ကို သူ့ဟာသူဖြည့်သွားပေးမှာပါ။ ဒီလိုဆိုရင် command line ကို type ရတာလဲ သက်သာပြီး အမှားလဲ နည်းနိုင်ပါတယ်။ ခဏကပြောတဲ့ Bash Shell ဆိုတာက Bourne-again Shell ပာ။ Linux Distributions တွေတိုင်းမှာလိုလို Default shell အနေနဲ့ပာလာတက်ပာတယ်။ Ubuntu Linux မှာက Definitely အဲဒီ shell ကိုအသုံးပြုပာတယ်။
ကဲ tar ball ဖြည်ပြီးရင် ဘာဆက်လုပ်ရမလဲ? ကျနော်တို့ ls ကိုသုံးပြီး Desktop ပော်မှာ ဘာတွေဖြစ်ပျက်သွားလဲ ကြည့်ရအောင် Terminal ထဲမှာ ls ကို ရိုက်ထည့်ပြီး Enter ခေါက်ကြည့်ရအောင်..

$ ls

ဘာတွေ့မလဲဆိုတော့ zawgyi ဆိုတဲ့ folder တစ်ခုတိုးလာတဲ့အတွက် zawgyi ဆိုတာကိုတွေ့လိမ့်မယ်။
ဟုတ်မဟုတ် ကိုယ့် Desktop ကို ပြန်ကြည့်နိုင်တယ်။ zawgyi folder ကိုတွေ့မှာပါ။ ကျနော်တို့ zawgyi folder ထဲကို Terminal ထဲကနေ အောက်က command သုံးပြီး ဆက်ဝင်ရအောင် ..

$ cd zawgyi

Terminal ကနေဘာ error မှ မပြဘူးဆိုရင် ကျနော်တို့ zawgyi folder ထဲရောက်သွားပါပြီး။ zawgyi folder ထဲမှာ ဘာတွေပါလဲဆိုတာ ls နဲ့ ကျနော်တို့ ထပ်ကြည့်ပါအုံးမယ်။

$ ls

အောက်ကပုံကိုကြည့်ပါ။ ခင်ဗျားနဲ့ Terminal ထဲမှာလဲ အောက်ကပုံနဲ့ဆင်တူတွေ့မှာပါ။ Desktop ပော်မှာလဲ zawgyi folder ထွက်လာတာကိုလဲတွေ့မှာပါ။



ဒီအဆင့်ရောက်ပြီးဆိုရင်တော့ ကျနော်တို့ installation ကို စတင်လုပ်တော့မှာပါ။ ဒီ package မှာ အားလုံးလွယ်ကူစေဖို့အတွက် ဇော်ဂျီဖွန့်ရော လိုအပ်တဲ့ဖိုင်တွေရော python script ရောထည့်ထားပေးပါတယ်။ ခင်ဗျားက ထည့်ထားပေးတဲ့ zawgyi_keyboard.py ဆိုတဲ့ python script ကို run ပြီး install လုပ်တာတို့ remove လုပ်တာတို့ font upgrade လုပ်တာတို့ လုပ်နိုင်ပါတယ်။ အရင်ဆုံးအဲဒီ script ကို run ရအောင် အောက်က command line ကို run ပေးပါ။

$ sudo python zawgyi_keyboard.py

ဒီ command line မှာ sudo ဆိုတာ sudoer (super user) အသုံးပြုအနေနဲ့ run မယ်လို့ ပြောတာပါ။ နောက်ကဆက်လိုက်လာတဲ့ python ဆိုတာ Python လို့ နာမည်ရတဲ့ Interpreter ပါ။ ဘာလို့ Python Interpreter ကို zawgyi_keyboard.py ရဲ့အရှေ့မှာခံပြီး run လဲဆိုတော့ .py extension ပါတဲ့ zawgyi_keyboard.py ဟာ Python Programming အသုံးပြုပြီးရေးသားထားတဲ့ ဖိုင်ဖြစ်သလို့ Python ဆိုတဲ့ command ကိုသုံးမှ Python Interpreter က zawgyi_keyboard.py script ကို ကွန်ပြူတာနားလည်အောင် လုပ်ဆောင်ပေးနိုင်အောင်လို့ပါ။ ကဲကျနော်တို့ install လုပ်တဲ့ အလုပ်ဆက်လုပ်ရအောင်။ အောက်ကပုံကို ကြည့်ပါ။ ပုံထဲကအတိုင်း zawgyi_keyboard.py script က စတင် run နေပါပြီး။ ကိုယ့် Terminal ထဲမှာလဲ ကြည့်ပါ။ ဘာစာသားတွေဖော်ပြနေပြီး ဘာ information တွေ ခင်ဗျားကို ပေးနေသလဲဆိုတာ လေ့လာပါ။



အဲဒီထဲမှာ install, remove, help, exit .. စတာတွေကိုတွေ့ရမှာပါ။ ကျနော်တို့က install လုပ်ချင်တဲ့အတွက် Install လုပ်ဖို့ရရာ small letter i ကို နှိပ်ပေးရမှာဖြစ်ပါတယ်။ s ကို နှိပ်ပါက show font ဆိုတဲ့ function ကို ခော်တဲ့အတွက် လက်ရှိစက်ထဲကို install လုပ်လိုက်တဲ့ဖွန့်နဲ့ Web မှာနောက်ဆုံးထွက်ရှိနေတဲ့ font ကိုယှဉ်ပြ ပေးမှာပါ။ ဒါပေမယ့် ကိုယ့်စက်မှာ အင်တာနက်ချိတ်ဆက်ထားမှ အဲဒီ function ကအလုပ်လုပ်မှာပါ။ ကျနှောတို့ Install လုပ်ရအောင် i ကို keyboard ကနေရိုက်ပြီး Enter ခောက်လိုက်ပာ။ အဲဒာဆိုရင် Python script က ဇှောဂျီဖွန့်နဲ့ ဇှောဂျီကီးဘုတ်ကို သက်ဆိုင်ရာနေရာဆီကို copy လုပ်ပေးခြင်းအားဖြင့် Install လုပ်ပေးမှာပာ။



ခုဆိုရင် ခင်ဗျားစက်ထဲမှာ ဇော်ဂျီဖွန့်နဲ့ ဇော်ဂျီကီးဘုတ်ရောက်နေပါပြီး။ ဇော်ဂျီနဲ့ရေးထားတဲ့ အင်တာနက်စာမျက်နှာတို့ ကြည့်နိုင်ပါပြီး။ ကျန်တဲ့ options တွေကိုလဲ လိုအပ်ရင်လိုအပ်သလို ချက်ချင်းကို run နိုင်ပာတယ်။ ဒာမှဟုတ် ဒီ running script ကို exit လုပ်ပြီးမှ ပြန် run လိုကလဲ ပြန် run ပြီး install, remove, upgrade စတာတွေကို ဆက်လုပ်ပေးလို့ရပာတယ်။ အောက်ကပုံလေ့လာခြင်းအားဖြင့်လဲ သိနိုင်ပာတယ်။



ကျနှောတို့ ဖွန့်နဲ့ကီးဘုတ်ကိုသွင်းပေးပြီးတဲ့နောက်မှာ စာရိုက်ဖို့အတွက် US ကီးဘုတ်ကနေ MMR ကီးဘုတ်ပြောင်းဖို့အတွက် Keyboard Indicator ကို အသုံးပြုဖို့လိုအပ်ပာမယ်။ အဲဒီ Keyboard Indicator ကို မြင်သာအောင် Panel ပှောမှာ အရင်တင်ရအောင် Panel ပှောမှာ mouse pointer ထောက်ပြီးတော့ Right Click နှိပ်လိုက်ပာ။





အေပာှကပံုမွာေပာှလာတဲ့ ဿPop-Up Menu ထဲက Add to Panel… ဆိုတာကို Left Click နှိပ်ပေးလိုက်ပာက အောက်က ပုံအတိုင်း ထပ်ပှောလာမယ်။



အဲဒီအထဲက scroll bar ကိုဆွဲချပြီး အောက်ကပုံမှာမြင်ရတဲ့ Keyboard Indicator ဆိုတဲ့ဟာကို တွေ့အောင်ရပာမယ်။



ပုံထဲကလို Keyboard Indicator ကို select လုပ်ပြီးရင်တော့ အောက်နားလေးမှာရှိနေတဲ့ Add ဆိုတဲ့ button ကိုနှိပ်ပေးလိုက်ပာ။ အဲဒီခာမှာ ကိုယ့်ရဲ့ Panel ထဲမှာ USA ဆိုပြီး လက်ရှိကီးဘုတ်တကေဿငတကိုဖှောပြ ပေးနေပာပြီ။



ဒီအဆင့်ရောက်ရင် ကျနှောတို့ Myanmar Keyboard option ကိုလဲ Keyboard Indicator Program မှာထည့်မှာမို့ Panel ပှောမှာ ပှောနေတဲ့ USA ဆိုတဲ့ စာလုံးပှောမှာ Right Click နှိပ်ပေးလိုက်ပာ။ အောက်က ပုံအတိုင်းမြင်လာပာမယ်။



ပုံထဲမှာမြင်တဲ့ Pop-Up Menu ကနေပဲ Keyboard Preferences ကိုဆက်ပြီး Left Click နှိပ်ပေးလိုက်ပာက အောက်ပုံအတိုင်း Keyboard Preferences Windows ငယ်လေးပှောလာပာမယ်။



အပှောမှာမြင်ရတဲ့ ပုံထဲက Layouts Tab ကို သွားလိုက်ရင် အောက်ကပုံအတိုင်း Layouts Tab Window ဆီကိုရောက်သွားမယ်။



ပုံထဲမှာ Keyboard Layout အသစ်ကိုထည့်ဖို့အတွက် Add.. ဆိုတဲ့ button ကိုတွေ့လိမ့်မယ်။



Add.. button ကိုနှိပ်လိုက်ပာက အောက်ကပုံအတိုင်း Choose a Layout ဆိုတဲ့ Window အသစ်တခုထပ်ပှောလာပာမယ်။



ပုံထဲမှာ Afghanistan ဆိုတဲ့ button မှာ down arrow မြှားလေးပာ။ ကျနှောတို့က Myanmar Keyboard Layout ကိုသုံးချင်တာဆိုတော့ Myanmar ဆိုတာကို down arrow ကိုနှိပ်ပြီး scroll down လုပ်ရင်း ရှာပာမယ်။ Myanmar ကိုတွေ့ရင် Left Click နှိပ်ပြီး ရွေးချယ်ပေးလိုက်ပာ။ အောက်ကပုံအတိုင်းမြင်ရပာမယ်။



အပှောကပုံမှာမြင်ရတဲ့အတိုင်း Add button လေးကိုနှိပ်ပေးလိုက်တဲ့အခာ Keyboard Preferences Layouts Tab မှာ USA ပြီးတော့ Myanmar ဆိုတာပှောလာမှာပာ။



ဒာဆိုရင် ကျနှောတို့စက်မှာ USA ရော Myanmar ကီးဘုတ်ရော အသုံးပြုလို့ရနေပာပြီ။ နောက်တစ်ခုထပ်လုပ်ပေးဖို့လိုသေးတာက အဲဒီ ကီးဘုတ်နှစ်ခုအတွက် ဘာ keys အသုံးပြုပြီး ကီးဘုတ်ပြောင်းမလဲ ဒာမှမဟုတ် keyboard layout ကို နှစ်ခုအကြား switch လုပ်ဖို့ ဘာ shortcut keys အသုံးပြုမလဲဆိုတဲ့ Layout Options setting လေးထားပေးဖိုပာ။ အဲလိုထားပေးလိုက်ခြင်းအားဖြင့် shortcut keys လေးကိုနှိပ်ပေးရုံနဲ့ ဘီးဘုတ်ပြောင်းလဲသွားစေပာတယ်။ ဒာကြောင့် အပှောကပုံမှာမြင်ရတဲ့ Layout Options button လေးကိုဆက်နှိပ်ပေးပြီး Keyboard Layout Options ဆီကိုသွားရအောင်။ အောက်ကအတိုင်း Keyboard Layout Options Window ငယ်ထပ်ပှောလာပာမယ်။ အဲဒီအထဲမှာ ကိုယ်နှစ်သက်ရာ option ကိုရွေးချယ်နိုင်ပာတယ်။



Key(s) to change layout ထဲမှာ ကိုယ်ကြိုက်တဲ့ keys အတွဲကိုရွေးချယ်ပေးပြီးရင်တော့ ဖွင့်ထားတဲ့ Keyboard Layout Windows တွေကို ပိတ်နိုင်ပာပြီ။ အရင်က ဇှောဂျီဖွန့်နဲ့ရေးထားတဲ့ အင်တာနက်စာမျက်နှာတွေ ဖိုင်တွေကို ဇှောဂျီဖွန့်နဲ့ အမှန်အတိုင်းမြင်ရတဲ့အဆင့်ကနေ ခု ဇော်ဂျီကီးဘုတ်နဲ့လဲ စာရိုက်နိုင်ပါပြီး။ အောက်က ပုံကိုကြည့်ပါ။ ဇော်ဂျီကီးဘုတ်က မှန်မှန်ကန်ကန်ပေါ်ခြင်းရှိ မရှိ gedit ဆိုတဲ့ Text editor နဲ့ စမ်းရိုက်ကြည့်တာပါ။



ဒာဆိုရင် ကျနှောတို့ရဲ့ Ubuntu Linux မှာ ဇှောဂျီဖွန့်ကိုမြင်ရပြီး ဇှောဂျီကီးဘုတ်နဲ့ရိုက်နိုင်ပာပြီ။

အပှောက နမူနာနည်းနာအတိုင်း myanmar3 unicode ဖွန့်ကိုလဲ သွင်းနိုင်ပာတယ်။ myanmar3 unicode font နဲ့ package ကိုတော့ mm3-keyboard package လို့ခှောပြီး ခု lastest version က mm3-keyboard-0.1.1.tar.gz ပာ။ အဲဒီ package ကို zawgyi-keyboard.googlecode.com မှာ ရယူ download နိုင်ပာတယ်။ အဲဒီ zawgyi-keyboard project မှာရှိတဲ့ keyboard packages တွေကတော့ free of charge ပာပဲ။ အလကားပေးပာတယ်။ ကိုစေတန်နဲ့ကျနှောတို့က ကိုယ့်အတွက်ကိုယ်လုပ်ရင်း သူများကိုလဲ ဝေငှပေးတဲ့သဘောပာပဲ။ အားလုံးလွတ်လွတ်လပ်လပ်ယူသုံးနိုင်ပာတယ်။

download PDF

Enjoy!

ssh to FreeBSD within local network

ကျနော့် FreeBSD စက်ထဲကို local network အတွင်းမှာရှိတဲ့ အခြားစက်ကနေ ဥပမာ ubuntu ကနေ ssh နဲ့ login ဝင်တာလေးပါ။ certificate authentication နည်းနဲ့ ဝင်တာပါ။ ဒီနေရာမှာ FreeBSD က Server သဘောမျိုးသက်ရောက်ပြီး Client Ubuntu စက်ကနေ ဝင်မှာပါ။ FreeBSD က Server သဘောမျိုးဆိုတာ့ ssh daemon run နေဖို့လိုအပ်ပါတယ်။ အဲဒီအတွက် ကျနော်တို့ /etc/rc.conf ဖိုင်မှာ enable လုပ်ပေးပြီး daemon ကို run ရအောင် ..

Enable sshd
# echo 'sshd_enable="YES"' >> /etc/rc.conf
# /etc/rc.d/sshd start

ပြီးရင် rsa keys မထုတ်ရသေးရင် generate လုပ်ပေးရအောင် အောက်က command ကို run ပါမယ်။ ကျနော်တို့ normal user အနေနဲ့ ထုတ်မှာဖြစ်လို့ root user ကနေ exit လုပ်ပေးပါ။

$ ssh-keygen -t rsa

အဲဒါဆိုရင် ကျနော်တို့ .ssh/id_rsa နဲ့ .ssh/id_rsa.pub ဖိုင်တွေကို ကိုယ့်ရဲ့ home directory ထဲမှာတွေ့မှာပါ။ ပြီးရင် ကျနော်တို့ certificate authentication နည်းသုံးမှာဖြစ်တဲ့အတွက် id_rsa.pub ဖိုင်ကို authentication keys အနေနဲ့ ပြောင်းရအောင် အောက်က command ကို run ပေးပါမယ်။

$ cat ~/.ssh/id_rsa.pub >> ~/.ssh/authorized_keys

ပြီးရင် ကျန်တဲ့ ~/.ssh/id_rsa ဆိုတဲ့ private key ကို ကိုယ့် usb disk ထဲပဲဖြစ်ဖြစ် internet ပော် လုံခြုံတဲ့ ကိုယ်ပဲ access လို့ရနိုင်မယ့်နေရာထဲ ကူးထည့် ဒါမှမဟုတ် upload လုပ်ပြီး အခြား Client အနေနဲ့သုံးမယ့် စက်ထဲကို copy ကူးထည့်ပေးပါ။ ဥပမာ ကျနော်က အဲဒီ private key ကို ကျနော့် ubuntu စက်ထဲကို ကူးထည့်ပေးလိုက်မယ်။ ဘယ်နေရာမှာကူးထည့်ပေးရမလဲဆိုတော့ ~/.ssh directory အောက်ကိုပါ။ အဲလိုကူးထည့်ပြီးဆိုရင်တော့ ~/.ssh/id_rsa အနေနဲ့တွေ့မှာပါ။ အဲဒါတွေလုပ်ပေးပြီးရင်တော့ ကျနော်တို့ FreeBSD Server ထဲကို Client Ubuntu ကနေ ဝင်နိုင်ပါပြီး။ အောက်ကနမူနာ command လေးနဲ့ ဝင်လို့ရပါတယ်။

$ ssh user@freebsd

အောက်ကနမူနာ Screenshots လေးတွေကို ကြည့်ပါ။

copy key to client and use ssh

accept keys and being asked for private key password

after giving password, passed through to FreeBSD

now I can go anywhere

freebsd-update fetch

ဘယ်လောက်လွယ်ကူသလဲ!

References:
OpenSSH

Enjoy!

Mount external usb hdd with rw on FreeBSD

FreeBSD-8 ပော်မှာ ကိုယ့်ရဲ့ external usb hdd ကို read/write access ရအောင် mount တာလေးပါ။ Linux မှာ usb hdd ကို plug လုပ်လိုက်တာနဲ့ auto mount ပေးပေမယ့် FreeBSD မှာ ပုံမှန်အားဖြင့် default အနေနဲ့ manually mount ပေးရပါတယ်။ ဆိုင်ကနေ external usb hdd ကိုဝယ်လာရင် ကိုယ့်ရဲ့ Windows Machine မှာဆိုရင် properties နဲ့ စစ်ကြည့်ပါ fat32 filesystem ဖြင့်များသောအားဖြင့်လာတက်ပါတယ်။ Linux မှာဆိုရင် fdisk -l နဲ့ စစ်ကြည့်ပါ။ တချို့ external usb hdd ကျပြန်တော့ ntfs file system နဲ့လာတက်ပါတယ်။ ကိုယ့်အနေ့နဲ့ ကြိုက်နှစ်သက်ရာ file system ကိုပြန်ပြောင်းနိုင်ပါတယ်။ ခုကျနော် mount မှာက fat32 နဲ့ ntfs file system နှစ်မျိုးကိုပါ။ ကျန်တဲ့ဖိုင်စနစ်ကိုလဲ ဒီက နမူနာယူပြီးလိုအပ်တဲ့ options ပေးပြီး mount နိုင်ပါတယ်။
ကျနော်တို့ fat32 ကို အရင် mount ကြည့်ရအောင် ..

For 1, 2, 4, 8, 16 GB usb flash disks

# mount -a -t msdosfs /dev/da0s1 /mnt

/dev/da0s1 ဆိုတာက ကိုယ့်ရဲ့ usb stick device ပါ။
/mnt ဆိုတာက mount point ပါ။ mount point ကို ကြိုက်တဲ့ folder ထားနိုင်ပါတယ်။ ဥပမာ ကျနော့်မှာ Gnome ကိုသုံးတယ်ဆိုတော့ mount point ကို /media/ အောက်မှာလုပ်ထားတယ်။ ဥပမာ

# mkdir -p /media/usb
# chmod 777 /media/usb
# mount -a -t msdosfs /devda0s1 /media/usb

အဲဒါဆို Gnome Desktop ပော်မှာ nautilus file manager က အဲဒီ usb ကို auto ဖွင့်ပေးမှာပါ။ ကိုယ့် mount point က /media/ အောက်မှာ မရှိဘူးဆိုရင် တခြားနေရာမှာရှိမယ်ဆိုရင် ဥပမာ /mnt/usb လိုအောက်မှာရှိမယ်ဆိုရင် အဲဒီ folder ကို manually ဖွင့်ပြီးတော့ access လုပ်နိုင်ပါတယ်။ အကယ်လို့ ကိုယ့် usb hdd က GB ပမာဏ ကြီးနေမယ်ဆိုရင် mount options လေးထည့်ပေးပါ။ ဥပမာ 80 GB နဲ့ အထက် ( 120, 160, 320, 500, etc .. ) usb hdd တွေအတွက် ...

# mount -o large -t msdosfs /dev/da0s1 /media/usb

အကယ်၍ ကိုယ့် external usb hdd က ntfs file system ဖြစ်ခဲ့မယ်ဆိုရင် ntfs-3g နဲ့ mount ပေးရပါမယ်။ ntfs-3g သုံးနိုင်အောင် လိုအပ်တဲ့ဟာလေးတွေ လုပ်ပေးရအောင် အောက်ကလို conf ဖိုင်တွေထဲမှာ configuration တွေလုပ်ပေးပါ။

Add fuse_load="YES" to /boot/loader.conf

# echo 'fuse_load="YES"' >> /boot/loader.conf

Add fusefs_enable="YES" to /etc/rc.conf
# echo 'fusefs_enable="YES"' >> /etc/rc.conf

Install sysutils/fusefs-ntfs port
# cd /usr/ports/sysutils/fusefs-ntfs
# make install clean
ဒါဆိုရင် installation နဲ့ configuration ပြီးလောက်ပြီး၊ စက်ကို reboot လုပ်ရအောင် ...

# shutdown -r now

ဒါမှမဟုတ်

# reboot

စက်ပြန်တက်လာပြီးရင် ကျနော်တို့ ntfs file system ကို mount ကြည့်လို့ရပါပြီ။

# ntfs-3g /dev/da0s1 /media/usb

ဒါဆိုရင် ကျနော်တို့ရဲ့ usb hdd တွေကို ပုံမှန် user တစ်ယောက်အနေနဲ့ read/write အသုံးပြုလို့ရပါပြီ။

အကယ်၍ unmount လုပ်ချင်တဲ့အခါ ..

# umount /media/usb

References:
Disk Organization
Mounting and Unmounting File Systems

Enjoy!

Install flashplugin for Firefox on FreeBSD

FreeBSD-8 မှာ Firefox-3.5 အတွက် flashplugin-10 ကို linux_base-f10 emulator ခံပြီး install လုပ်တာပါ။ FreeBSD 8 ကို install လုပ်ပြီးချိန်မှာ Linux layer က default အနေနဲ့ enable မဖြစ်နေပါဘူး။ အဲဒါကြောင့်မို့ linux emulator ကို install လုပ်ပြီး enable အရင်လုပ်ပေးရမယ်။ ဘာလို့ linux emulator layer လိုအပ်လဲဆိုတော့ ခုကျနော် install လုပ်ချင်တဲ့ flash plugin က linux flashplugin ဖြစ်လို့ပါ။ linux_base-f10 ကို install မလုပ်ခင် လိုအပ်တာလေးတွေ အရင်လုပ်ပေးရမယ်။ အောက်က command lines တွေနဲ့ conf ဖိုင် အသီးသီးမှာ လိုအပ်တဲ့ configuration တွေကို ထည့်ပေးပါ။

Add linux_enable="YES" to /etc/rc.conf
# echo 'linux_enable="YES"' >> /etc/rc.conf

Add compat.linux.osrelease=2.6.16 to /etc/sysctl.conf
# echo 'compat.linux.osrelease=2.6.16' >> /etc/sysctl.conf

Add OVERRIDE_LINUX_BASE_PORT=f10 to /etc/make.conf
# echo 'OVERRIDE_LINUX_BASE_PORT=f10' >> /etc/make.conf

ပြီးရင် linux process file system ကို fstab ဖိုင် အောက်ကအတိုင်း ထည့်ပေးရအောင် ..

Make a directory for linux proc
# mkdir -p /usr/compat/linux/proc

Add this line to /etc/fstab:
linproc /usr/compat/linux/proc linprocfs rw 0 0

ပြီးရင် ကျနော်တို့ linux kernel module ရှိလား မရှိလား ကြည့်ရအောင် ..

Check Linux kernel modules
# cd /boot/kernel
# ls lin*

linker.hints linsysfs.ko linux.ko.symbols
linprocfs.ko linsysfs.ko.symbols
linprocfs.ko.symbols linux.ko

အဲဒီမှာ linux*.ko ကို မတွေရင် အောက်ကအတိုင်း linux module ကိုအောက်ကအတိုင်း install လုပ်ပေးရမယ်။

Install linux module
# cd /usr/src/sys/modules/linux
# make install clean

တကယ်တော့ FreeBSD-8 မှာ linux module က ပါလာပြီးသားပါ။ ဒီအပေါ်က linux module build တဲ့အဆင့်ကို ကျနော်မလုပ်ပေးခဲ့ရဘူး။
အဲဒါတွေ လုပ်ဆောင်ပြီးရင်တော့ စက်ကို reboot လုပ်ပေးဖို့လိုအပ်ပါတယ်။ reboot ပြန်တက်လာတဲ့အခါ linux module လဲ load လုပ်ပြီးသားဖြစ်နေပါပြီး linprocfs လဲ run နေပါပြီး။ အဲလိုဆိုရင် ကျနော်တို့လိုအပ်တဲ့ linux_base-f10 emulator နဲ့ flashplugin ကို install လုပ်နိုင်ပါပြီ။ ကြားဖြတ်ပြောရမယ်ဆိုရင် linux_base emulator install လုပ်ပြီးရင် linux မှာ run လို့ရတဲ့ applications တွေ packages တွေကို install လုပ်ပြီး run လို့ရပါတယ်။ linux applications တွေဟာ တချို့ဆိုရင် FreeBSD ပေါ်မှာ run ရတာ Linux မှာထက် ပိုပြီးတောင် မြန်နေပါတယ်။ တချို့ဟာတွေကတော့ Linux မှာလို မြန်ပါတယ်။ ဒီ emulator သုံးလို့ Performance နဲ့ Speed ကျသွားတယ်ဆိုတာမျိုး လုံးဝ မရှိပါဘူး။ တကယ့် native အတိုင်း run ပါတယ်။ ကဲ ကျနော်တို့ လိုအပ်တာတွေ ရှိသေးတော့ ဆက်ပြီး install လုပ်ရအောင် ..

Install linux_base-f10 emulator
# cd /usr/ports/emulators/linux_base-f10
# make install clean

ပြီးရင် အကယ်၍ firefox ကို install မလုပ်ရသေးဘူးဆိုရင် လုပ်ရအောင် .. ကျနော်ကတော့ firefox35 port ကနေ install လုပ်ပါတယ်။ firefox-devel port က firefox3.6rc2 က development အဆင့်မှာရှိနေတာမို့ recommended မလုပ်ချင်ပါဘူး။

Install firefox35 port
# cd /usr/ports/www/firefox35
# make install clean

firefox port ကို install လုပ်ရတာ စက်ရဲ့ speed ပော်မူတည်ပြီး နည်းနည်းကြာတက်ပါတယ်။ ပြီးရင် linux-f10-flashplugin10 နဲ့ nspluginwrapper ကို install လုပ်ပါမယ်။

Install linux-f10-flashplugin10 port
# cd /usr/ports/www/linux-f10-flashplugin10 && make install clean

Install nspluginwrapper port

# cd /usr/ports/www/nspluginwrapper && make install clean

ပြီးရင် libflashplayer.so ကို ရှာကြည့်မယ်။

# find / -name libflashplayer.so

/usr/local/lib/npapi/linux-f10-flashplugin/libflashplayer.so
output လုပ်ပေးတဲ့အထဲက lines တွေထဲမှာ အပော်ကလို line ကိုတွေ့လိမ့်မယ်။ အဲဒီအခါကျရင် super user (root) ကနေ exit လုပ်ပေးပြီး အောက်က comand line ကို run ပေးလိုက်ရင် error တွေမပြတော့တဲ့အခါ Youtube video ကို ကြည့်နိုင်ပါပြီ။ အကယ်လို့ ဒီအောက်က command line ကို run နေစဉ်မှာ firefox ဖွင့်ထားမယ်ဆိုရင် ပြန် restart လုပ်ပေးပြီး youtube site ကို ပြန်သွားပါ။

$ nspluginwrapper -v -i /usr/local/lib/npapi/linux-f10-flashplugin/libflashplayer.so

References:
Linux Binary Compatibility
Mozilla Firefox and the Adobe Flash Player

Enjoy!

Install java on FreeBSD

FreeBSD-8 မှာ Java ကို install လုပ်တာလေးပါ။ ကျနော်က java/openjdk6 port ကနေ install လုပ်ပါတယ်။ ports တွေကနေ install မလုပ်ခင်အရင်ဆုံး port tree ကို update လုပ်ပေးဖို့လိုအပ်လိမ့်မယ်။ ကျနော်ကတော့ ports tree update လုပ်တဲ့အခါမှာ portsnap ကိုသုံးတယ်။ ports tree update လုပ်ပေးပြီးပြီဆိုရင် ဆက်ရအောင် ...

# cd /usr/ports/java/openjdk6
# make install clean

အဲလို စပြီး install လုပ်တာနဲ့ port install error တွေပြပါမယ်။ Terminal ကပြတဲ့ error messages တွေကို ဂရုတစိုက်ဖတ်ပြီး လိုအပ်တာတွေကို download ချသင့်ကချရပါမယ်။ ကျနော် install လုပ်စဉ်တုန်းက အောက်ကဟာတွေကို internet မှာရှာပြီး download လုပ်တယ်၊ ပြီးရင် /usr/ports/distfiles အောက်မှာ ထားပေး လိုက်တယ်။

diablo-caffe-freebsd7-i386-1.6.0_07-b02.tar.bz2
tzupdater-1_3_21-2009p.zip
jce_policy-6.zip
dejavu-fonts-ttf-2.30.tar.bz2

ကျနော့်တုန်းက အပော်ကဟာတွေလိုပေမယ့် ကိုယ့်ရဲ့ port version အလိုက်ပြောင်း ချင်ပြောင်းနိုင်တာမို့ error messages တို့ suggestion messages တို့က ကြည့်ပြီး လုပ်ပေးပါ။ ဒီ java/openjdk6 port ကို install လုပ်ပြီးသွားပြီးဆိုရင်တော့ ကျနော်တဲ့ eclipse တို့ virtualbox တို့ စတဲ့ java နဲ့ သက်ဆိုင်တာတွေ ဆက်သွင်းလို့ရပါပြီး။

Firefox java plugin အတွက်ကတော့ အောက်က command line လေးကို run လိုက်ရင် အဆင်ပြေတယ်။

% ln -s /usr/local/diablo-jdk1.6.0/jre/plugin/i386/ns7/libjavaplugin_oji.so \
$HOME/.mozilla/plugins/

အဲဒါဆိုရင် Firefox java plugin ရပါပြီး။ အဲဒါဆိုရင် Firefox java plugin ရပါပြီး။ ကျနော့် firefox35 port version က firefox-3.5.7,1.

References:
FreeBSD Handbook
http://www.freebsd.org/doc/en/books/handbook/desktop-browsers.html

Enjoy!

Fun boys

ခုတလော forums တွေမှာရော blogs တွေမှာရော နေရာတိုင်းမှာ ဘယ် OS ကကောင်းတယ် ငါ့ OS က မင်း OS ထက်ပိုကောင်းတယ် ဆိုပြီး အငြင်းအခုံတွေများပိုများလာတယ်။ M$ လို corp တွေကိုမုန်းလို့ anti-corporation anti-Microsoft ideology နဲ့ Linux camps မှာလဲ Linux fun boys တွေက ကျယ်လောင်ကျယ် .. Mac camps က Mac fun boys တွေကလဲ ကျယ်လောင်ကျယ်လောင်။ ကျယ်လောင်ကျယ်လောင် လုပ်တဲ့နေရာမှာ Linux camps က Mac camps က fun boys တွေထက် ပိုဆိုးမယ် ထင်တယ်။ BSD-ish တွေကလဲ GPL-ish တွေကို မကြိုက်ကြဘူး။ Linux နဲ့ FreeBSD fun boys ကြားမှာလဲ အဲဒီ war ကတစ်မျိုး။ အဆိုးဆုံးက [OSS]-religion အစွန်းရောက်တွေပဲ။ ငါ့ဘုရားမှ အကောင်းဆုံး အသာဆုံးဆိုတာမျိုးက ရောဂါပိုကြီးတယ်။
ကျနှော့အနေနဲ့ကတော့ Linux ရော FreeBSD ရောသုံးပါတယ်။ လေ့လာပါတယ်။ ဒါပေမယ့် Linux fun boy တစ်ယောက်အနေနဲ့ ကျယ်လောင်ကျယ်လောင်မလုပ်ချင်ဘူး။ အရင်ကတည်းက religion ကိုမကြိုက်ခဲ့တာ။ အဲတော့ ကျနှော့အတွက် အသင့်တှောဆုံးဖြစ်မယ့် FreeBSD camp မှာ FreeBSD fun boy အနေနဲ့ တိတ်တိတ်ဆိတ်ဆိတ်ပဲ သုံးချင်တော့တယ်။