လေတိုက်ချိန်

ရေဒီယိုက

ခေတ်ဟောင်းတေးတစ်ပုဒ်ဆိုနေတယ်

ညနေခင်းဟာစိတ်အပြောင်းအလဲမြန်တယ်

ကောင်းကင်မှာ

အေးအေးလူလူ ကျက်စားနေတဲ့ တိမ်တစ်အုပ်

အရောင်ရင့်ချိန်

အုန်းပင်တို့ ခေါင်းခါပြပုံက ခါးခါးသီးသီး

အိမ်ခေါင်မိုးပေါ်

တမာပွင့်ခြောက်တွေ ထင်ရာစိုင်းနေပုံကလည်း

ခါးခါးသီးသီး

ပန်းပွင့်တချို့ဟာ

အလှတရားအကြောင်းမှ ကောင်းကောင်းသိမသွားခင်

ကြွေနှင့်ပြီ

လေဟာ

ပြတင်းတံခါးကို အသံမြည်အောင် ဆောက်ပိတ်

လွင့်နေတဲ့စိတ်

ကိုယ်ထည်ပေါ် ပြုတ်ကျလာပုံက

အလန့်တကြား။ ။ -- မင်းထက်ညိမ်း
credit >> မင်းထက်ညိမ်း၊ အိုးဝေ မဂ္ဂဇင်း နှင့် ဇနိ
ဒီကဗျာကို အိုးဝေအမှတ်တရစုဆည်းမှု ဘလောက် (0-way.blogspot.com)မှ ကူးယူထားပါသည်။ အကြောင်းတစ်စုံတစ်ရာကြောင့် ဖော်ပြခွင့် မပြုပါက၊ ချက်ခြင်းဖျက်ပေးမည်ဖြစ်ပါသည်။ မင်းထက်ညိမ်းအား လေးစားသောအားဖြင့် အမှတ်တရ ကူးယူခံစားဖော်ပြရခြင်းဖြစ်ပါသည်။ လေးစားစွာဖြင့် ...

source :  http://o-way.blogspot.com/2007/08/blog-post_26.html

zawgyi keyboard for ubuntu 8.10

Online Installing Package
ဒီ package က အင်တာနက် connection ရှိနေတဲ့ ubuntu ပေါ်မှာ install လုပ်ဖို့အတွက်ဖြစ်ပါတယ်။


Download package
http://box02.comyr.com/zawgyi/zawgyi-keyboard-online.tar.gz
download ပြီးရင် "zawgyi-keyboard-online.tar.gz" package က Desktop ပေါ်ရောက်နေပါမယ်။

Change Path
$ cd ~/Desktop

Extract package
$ sudo tar xvzf zawgyi-keyboard-online.tar.gz

Install package
$ sudo sh install.sh

readme မှာလဲ How-to ရေးထားပေးပါတယ်၊ Keyboard Preference အတွက် 'Instruction.pdf' ဖိုင်က Desktop ပေါ်က 'zawgyi' Folder ထဲမှာပါ။

Offline Installing Package
ဒီ package က အင်တာနက် connection နဲ့ချိတ်မထားတဲ့ ubuntu ပေါ်မှာ install လုပ်နိုင်ဖို့အတွက် ဖြစ်ပါတယ်။


Download package
http://box02.comyr.com/zawgyi/zawgyi-keyboard-included.tar.gz
download ပြီးရင် "zawgyi-keyboard-included.tar.gz" package က Desktop ပေါ်ရောက်နေပါမယ်။

Change Path
$ cd ~/Desktop


Extract package
$ sudo tar xvzf zawgyi-keyboard-included.tar.gz

Install package
$ sudo sh install.sh


readme မှာလဲ How-to ရေးထားပေးပါတယ်၊ Keyboard Preference အတွက် 'Instruction.odt' ဖိုင်ကို Desktop ပေါ်မှာတွေ့မှာပါ။

Note: Please visit `zawgyi-keyboard for linux/unix home` to get the latest version of zawgyi keyboard package. [edited the post in September 2009]

using tar on ubuntu

tar နဲ့ ဖိုင်တွေကို extract နှင့် archive လုပ်နည်းလေးပါ။ tar ကအရမ်းအသုံးဝင်ပါတယ်။ Linux Source files တွေကို tar နဲ့ archive လုပ်ကြပါတယ်။ အဲဒီဖိုင်တွေဖြည်ဖို့ tar ကိုအသုံးပြုပါတယ်။ နောက်ပြီး ကိုယ့်ဖိုင်တွေကိုလဲ ကိုယ့်ဟာကိုယ် archive လုပ်ပြီးသိမ်းဆည်းနိုင်ပါတယ်။ အခြေခံလေးပဲ ဒီမှာရေးမှာပါ။

Extracting
ဥပမာ movie subtitle ပါတဲ့ဖိုင်ကိုဖြည်ပါမယ်။ အဲဒီဖိုင်ရဲ့ Paths က ~/Videos/Igor.DVDRip.XviD-Larceny မှာရှိတယ်ဆိုပါတော့ .. archive file က Igor.tar.gz ဆိုပါဆို့ .. Terminal ထဲသွားပြီးအောက်က command line ကို run ပါမယ်။

$ cd ~/Videos/Igor.DVDRip.XviD-Larceny
$ tar xvzf Igor.tar.gz

အဲလို run ပြီးတဲ့ နောက်မှာ Igor.tar.gz ဖိုင်ကပြည်ပြီး အထဲက l-igor.srt ဖိုင်ကရလာပါမယ်။

Archiving
ပြန်ပြီး အဲဒီ l-igor.srt ဖိုင်ကို archive ပြန်လုပ်ကြည့်ပါမယ်။ Archive file ကိုလဲ Igor-sub.tar.gz လို့နာမည်အသစ်ပြန်ပေးကြည့်ရအောင် အောက်က command line ကို Terminal ထဲမှာပဲ run ပေးပါမယ်။
ပြီးရင် ls နဲ့ပြန်ကြည့်မယ် ကိုယ်လုပ်တာတွေ ဖြစ်လာလို့ပေါ့။ ls ဆိုတာက ကိုယ်ရောက်နေတဲ့ folder ထဲကဟာတွေ ကို list လုပ်ပြီးဖော်ပြပေးတဲ့ command တစ်ခုပါ။

$ tar cvzf Igor-sub.tar.gz *.srt
$ ls
Igor-sub.tar.gz l-gor.srt

ကျနော်တို့လုပ်တဲ့ archive file (Igor-sub.tar.gz) ကိုရရှိပါပြီ။ အောက်ကပုံလေးကိုကြည့်ရင် ရှိပြီးသားဖိုင်ရော အသစ်ရလာတဲ့ဖိုင်တွေပါတွေ့ရမှာပါ။

[caption id="attachment_133" align="alignnone" width="480" caption="using tar"]using tar[/caption]

unrar and rar files in Terminal on ubuntu

Terminal ထဲမှာ rar files တွေကို extract နှင့် archive လုပ်နည်းလေးပါ။ အဲဒီအတွက် ubuntu မှာ rar နှင့် unrar ကိုအရင် Install လုပ်ပေးရပါမယ်။ Install လုပ်ဖို့အတွက် Terminal ထဲမှာ အောက်က command line ကို ကူးထည့်ပေးပြီး Enter ခေါက် run ပေးပါ။

$ sudo apt-get install rar unrar

ပြီးရင် rar files တွေကိုဖြည်ပါမယ်။ command line သုံးပြီးဆိုရင် တစ်ခုသတိထားရမှာက Paths ပါ။ ကိုယ့်ဖိုင်တွေဘယ်မှာရှိနေလဲ၊ အဲဒီဖိုင်တွေရှိတဲ့ folders တွေရဲ့ Paths ကိုမှန်မှန်ကန်ကန်သွားဖို့လိုပါတယ်။
အကယ်၍ ဖြည်မယ့် rar files က home directory မှာရှိနေတယ်ဆိုရင် အောက်က command line နဲ့ home directory ကိုအရင်သွားပါ။


$ cd ~

ဥပမာ ဖြည်မယ့် rar filename က java-programs.rar ဖြစ်မယ်ဆိုရင် အောက် command line ကို run ပေးပါ။ အဲဒါဆိုရင် extracted java-programs ကိုရပါလိမ့်မယ်။

$ unrar e java-program
s.rar

လုပ်နည်းလေးကိုပြန်ကြည့်ရင် လွယ်လွယ်လေးပါပဲ ..

$ unrar e filename

ပြီးရင် archive ပြန်လုပ်ရအောင် .. ဥပမာ file-num01.java, file-num02.java, file-num03.java ဆိုပြီးရှိတယ်ပေါ့။ အဲဒီဖိုင်သုံးဖိုင်ကို rar နဲ့ java-programs လို့နာမည်ပေးပြီး archive လုပ်ချင်တယ်ဆိုရင် အောက်က command line အတိုင်း run ပေးပါ။

$ rar a java-programs file-num*.java

ပြီးရင် java-programs.rar ကိုရလာပါလိမ့်မယ်။ လုပ်နည်းကတော့ ရိုးရိုးလေးပါ၊ ပြန်ပြီး recall လုပ်မယ်ဆိုရင်

$ rar a achivename files-to-be-added

i.e.,
a = add files to achive
achivename = java-programs
files-to-be-added = file-num01.java, file-num02.java, file-num03.java

rar နဲ့ပတ်သတ်ပြီး ပိုပြီးလေ့လာချင်ရင်

$ man rar

အဲဒီ man page မှာလေ့လာနိုင်ပါတယ်။ အောက်ကပုံက Terminal ထဲမှာ rar achive လုပ်ပုံပါ။

[caption id="attachment_134" align="alignnone" width="480" caption="rar files"]rar files[/caption]

unzip and zip files in Terminal on ubuntu

Terminal ထဲမှာ zips files တွေကို extract လုပ်နည်းလေးပါ။ zips files တွေကိုဖြည်ဖို့အတွက် unzip ကို install လုပ်ပေးဖို့လိုအပ်ပါတယ်။ Install လုပ်ရအောင် ..

$ sudo apt-get install unzip

unzip ကို install လုပ်ပြီးပြီဆိုရင်တော့ ဇစ်ပ်ဖိုင်လ်စ်တွေကိုဖြည်ရအောင်.. ဥပမာ ကျနော်တို့ games.zip ကိုဖြည်မယ်ဆိုရင် Terminal ထဲမှာ အောက်ကအတိုင်းရိုက်ပြီး run ပေးလိုက်ရင် extract files တွေကိုရပါပြီ။

$ unzip games.zip

နည်းကတော့ရှင်းရှင်းလေးနော်

$ unzip filename.zip

zip ချင်ရင်လဲ လွယ်လွယ်လေးပါ။ Terminal ထဲမှာ zip ကိုအရင်ရိုက် ပြီးရင် ကိုယ့်ရဲ့ ဇစ်ဖိုင်နာမည်ပေးမယ်၊ အဲဒီမှာ ext အနေနဲ့ .zip လို့ထည့်ပေးရမယ် (ဥပမာ ဇစ်ဖိုင်နာမည်က my-video.zip)။ အဲဒီအနောက်မှာ ကိုယ်ထည့်ချင်တဲ့ ဖိုင်လ်စ်တွေကိုရိုက်ထည့်ပေးရမယ်။ ကိုယ်ထည့်ပေးချင်တဲ့ဖိုင်တွေက ဥပမာ file01.avi, file02.txt, file03.srt ဆိုပါစို့ .. အောက်က command line ကိုကြည့်ပြီးသိသာနိုင်ပါတယ်။

$ zip my-video.zip file01.avi file02.txt file03.srt

အောက်ကပုံလေးကိုကြည့်ရင် ပိုပြီးတော့မြင်သာလိမ့်မယ်ထင်တယ်။ ပုံမှာ zip လုပ်ပြီး unzip ပြန်ဖြည်ပြထားတာပါ။

[caption id="attachment_135" align="alignnone" width="480" caption="zipping"]zipping[/caption]

using rapidshare-dl on ubuntu

ကျနော် movies တွေကို download လုပ်ဖို့ပျင်းနေခဲ့တယ်။ နောက်တော့ rapidshare downloader ကိုရှာမှဖြစ်တော့မယ်ဆိုပြီး google မှာရှာတာ ubuntu အတွက် rapidshare-dl ကိုရှာဖွေတွေ့ရှိခဲ့တယ်။ ကျနော့် ubuntu က hardy ဆိုတော့ ကျနော့် ubuntu distro နဲ့ကိုက်မယ့် repository ကိုသွင်းလိုက်ပါတယ်။
Repository သွင်းမယ်ဆိုရင် ..


$ sudo gedit /etc/apt/sources.list

အဲဒီ sources ဖိုင်ထဲမှာ အောက်ကလိုင်းကို copy ပြီး paste လုပ်ပေးလိုက်ပါ။

deb http://ppa.launchpad.net/zootropo/ubuntu hardy main

ubunut intrepid ကိုအသုံးပြုသူများကတော့ hardy အစား intrepid လို့ပြောင်းပြီး သွင်းပေးလိုက်ရုံပါ။
ပြီးရင် ..


$ sudo apt-get update
$ sudo apt-get install rapidshare-dl


software installed လုပ်ပြီးပြီဆိုတော့ movies တွေ download လုပ်ဖို့ပြင်လို့ရပါပြီ။
ကျနော်ကတော့ Links file ကို အောက်က Fig(1)
ပုံမှာပြထားတဲ့အတိုင်း gedit နဲ့ QoS လို့နာမည်ပေးပြီး rapidshare links တွေကို paste လုပ်ပေးပြီး Desktop ပေါ်မှာ save ပေးလိုက်တယ် (QoS နာမည်အစား ကိုယ်ကြိုက်နှစ်သက်ရာအဆင်ပြေရာ နာမည်ပေးပြီးလုပ်နိုင်ပါတယ်။) ပြီးရင် အောက်က command အတိုင်း run ပေးလိုက်ပါ။

$ cd ~/Desktop
$ rapidshare-dl QoS

ပြီးရင် rapidshare account login name နဲ့ password ကိုမေးလာလိမ့်မယ်။ login name နဲ့ password ကိုထည့်ပေးလိုက်ပါ။ ကိုယ့်ရဲ့ လင့်ဖိုင်မှာရှိသမျှ rapidshare links တွေအားလုံးကို ပြီးစီးအောင် အလိုအလျောက် download လုပ်ပေးမှာဖြစ်ပါတယ်။ နောက်ထပ် download လုပ်တဲ့အခါ ကိုယ်ပေးထားတဲ့ login name နဲ့ password ဟာ ~/.rapidshare-dl ဖိုင်မှာ မှတ်ထားပေးပြီးသားမို့ အဲဒါတွေကို ထပ်မမေးတော့ပဲ တိုက်ရိုက် download လုပ်ပေးသွားမှာပါ။ ကိုယ့် rapidshare account က expired ဖြစ်သွားခဲ့ရင်လဲ အဲဒီဖိုင်မှာ update လုပ်ပေးပြီး downloads တွေကို ဆက်ပြီးလုပ်နိုင်ပါတယ်။

Fig(1): Links File ကို gedit နဲ့ပြင်ပြီး QoS နာမည်နဲ့ save ထားပုံ
[caption id="attachment_129" align="alignnone" width="480" caption="URLs file"]URLs file[/caption]

Fig(2): Terminal ထဲမှာ rapidshare-dl QoS လို့ရိုက်ပြီး QoS ဖိုင်ထဲက Links တွေကို download လုပ်နေတဲ့ပုံ
[caption id="attachment_130" align="alignnone" width="480" caption="rapidshare-dl on ubuntu"]rapidshare-dl on ubuntu[/caption]

rapidshare-dl အကြောင်းကို အပြည့်အစုံသိလိုပါက http://mundogeek.net/rapidshare-dl/ မှာ သွားကြည့်နိုင်ပါတယ်။

Converting *.mkv to *.avi on Ubuntu

.mkv file ဆိုတာက matroska file လို့သိကြတဲ့ extentable open standard Audio/Vidoe container file ပါ။ တချို့ Movie တွေကို ဒီ format နဲ့ လုပ်ကြတယ်။ စာအိပ်နဲ့တူတယ်လို့လဲပြောကြတယ် ဘာဖြစ်လို့လဲဆိုတော့ အဲဒီမှာ audio, video, subtitle streams တွေထည့်ထားလို့ပါ။ သူက compression format မဟုတ်ပါဘူး ဆိုလိုတာက အရင်က video cd တွေမှာ အသံ အရုပ် စာတန်းတွေကို တခါတည်း decode လုပ်ထားတဲ့ compressed video format မျိုး မဟုတ်တာကိုပြောတာပါ။
.avi file ကိုတော့ လူတော်တော်များများရင်းနှီးနှီး သိပါတယ်။
ကျနော် ခုရေးမှာက .mkv ကနေ .avi ကို ဘယ်လိုပြောင်းလဲဆိုတာပါ။ အဲဒီအတွက် ffmpeg ကို install လုပ်ထားပေးပို့လိုပါတယ်။


Install ffmpeg
$ sudo apt-get install ffmpeg

ပြီးရင် ကျနော်တို့ convert လုပ်ပါတော့မယ်။


Convert .mkv to .avi
$ ffmpeg -i filename.mkv -target vcd filename.avi

filename.mkv မှာ filename နေရာမှာ ကိုယ်ပြောင်းချင်တဲ့ mkv file name ရေးပေးရမယ်၊ filename.avi မှာကျတော့ filename ကို ကိုယ်ပေးချင်သလိုတပ်ပေးလို့ရတယ်။

Examples
$ ffmpeg -i TheCloneWarsS01E01.mkv -target vcd TheCloneWarsS01E01.avi ဒါမှမဟုတ်
$ ffmpeg -i TheCloneWarsS01E01.mkv -target vcd TheStarWarsS01E01.avi